ylliX - Online Advertising Network

မျက်မှောက် အပြောင်းအလဲ အမေရိကန်၊ တရုတ်နဲ့ မြန်မာတို့၏ တုံ့ပြန်ချက်တွေ

မြန်မာနွေဦး ခရိုနီကယ် – နိုဝင်ဘာ ၈ မြင်ကွင်း (မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၂၄⁨⁨⁨⁨⁨⁨ မျက်မှောက် အပြောင်းအလဲ အမေရိကန်၊ တရုတ်နဲ့ မြန်မာတို့၏ တုံ့ပြန်ချက်တွေ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်ပြည်ခရီးစဉ်နဲ့ တပတ်တည်းမှာပဲ အမေရိကန်ရွေးကောက်ပွဲ ဖြစ်ပါတယ်။ အမေရိကန် ရွေးကောက်ပွဲရလဒ်က အမေရိကန်ပြည်တွင်း ပြည်ပသာမက မြန်မာလူမျိုးတွေကြားမှာပါ ကြီးမားသောဂယက်ကို ထိခိုက်စေပါတယ်။ မင်းအောင်လှိုင်၏ ခရီးစဉ်နဲ့ပတ်သက်ပြီးတော့လည်း မြန်မာတွေအကြားမှာ ဆွေးနွေးပြောဆိုစရာတွေ ဝေဖန်အငြင်းပွားစရာတွေ ဖြစ်နေကြတာလည်း တွေ့ရပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲတခုမှာ ထုတ်ပြန်ရာမှာ – မြန်မာဘက်အသီးသီးတို့အား ချစ်ခင်ရင်းနှီးစွာ  တိုင်ပင်ဆွေးနွေးခြင်းဖြင့် နိုင်ငံရေးဆိုင်ရာ သင့်မြတ်သာယာရေးကို အကောင်အထည် ဖော်ဆောင်ရန် အားပေးထောက်ခံသည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနဆိုတယ်လို့ ဆိုပါတယ်။ အသေးစိတ်ဖော်ပြချက်ကတော့ – မိမိတို့သည် […]

၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်ပြီးချိန် အပြောင်းအလဲ

(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၂၄⁨⁨⁨⁨⁨⁨ ၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်ပြီးချိန် အပြောင်းအလဲ  ယမန်နှစ် အောက်တိုဘာ ၂၇ ရက်နေ့ မှာ မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်  ၃ ဖွဲ့က စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေနဲ့ တပ်တွေကို တပြိုင်နက်ထည်း စတင်တိုက်ခိုက်ခဲ့တာ ၁ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။  စစ်ဆင်ရေး စတင်စဥ်က စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်မှာ တရုတ်-မြန်မာနယ်စပ် တလျှောက်ကြီးထွားလာနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း (တရုတ်ဘာသာစကားဖြင့် ကျားဖြန့် ဟုခေါ်ဆို) တွေကို နှိမ်နှင်းဖို့၊ အဆိုပါငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့စစ်တွေကို နှိမ်နှင်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်ကို ထိပ်ဆုံးမှာ ထည့်သွင်းကြေညာခဲ့ခြင်းက ထူးခြားတဲ့အနေအထားလည်းဖြစ်တာ သတိပြုမိကြပါတယ်။ စစ်ဆင်ရေး မစတင်မီ သီတင်းပတ်အနည်းငယ်အတွင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ  […]

“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (အောက်တိုဘာ ၁၄ မှ ၁၉ ရက်အထိ)

“ကျပ်ငွေဈေး ပြန်ကျ”   ဒီတစ်ပတ်ထဲ သီတင်းကျွတ်ရုံးပိတ်ရက်တွေများခဲ့ပြီး အောက်တိုဘာ ၁၄ နဲ့ ၁၅ ရက်တွေပဲ စစ်ကောင်စီလက်အောက်ခံရုံးတွေ ဖွင့်လှစ်ခဲ့ပါတယ်။   စစ်ကောင်စီဗဟိုဘဏ်က အင်္ဂါနေ့မှာ အမေရိကန်တစ်ဒေါ်လာ ၃၅၅၄ ကျပ်နှုန်းနဲ့ ကန်ဒေါ်လာ ၆ ဒသမ ၀၂ သန်းကိုရောင်းချပေးခဲ့သလို ထိုင်းတစ်ဘတ်ကို ၁၁၆ ကျပ်နီးပါးနှုန်းနဲ့ သန်း ၂၀၀ နီးပါးအထိ ရောင်းချပေးခဲ့တယ်လို့ သူတို့ရဲ့ FX အွန်လိုင်းဈေးကွက်မှာ ကြေညာထားပါတယ်။   ဒါပေမဲ့ ဒီတစ်ပတ် နိုင်ငံခြားငွေဈေးတွေဟာ အမြင့်ဈေးတွေနဲ့ ဖွင့်လှစ်ခဲ့ပြီး အမေရိကန်ဒေါ်လာက အဲဒီအမြင့်ဈေးတွေနဲ့ ပြန်ပိတ်သွားခဲ့ပါတယ်။   ဒီတစ်ပတ် အောက်တိုဘာ ၁၅၊ ၁၆၊ ၁၇၊ ၁၈ လေးရက်လုံး အကျဈေးမှာသာ ရှိနေခဲ့ကြတာဖြစ်ပါတယ်။ အဲဒီရက်တွေအတွင်း ငွေကြေးဈေးကွက်ထဲ […]