စစ်ကောင်စီသည် ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားသည့် သိန္နီမြို့ကို “၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ပြည့်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ ၂၇ ရက် “၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ပြည့်နေ့ ည ၉နာရီခွဲဝန်းကျင်အချိန်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့ကို စစ်ကောင်စီ က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဘုရားကျောင်း၊ ထွေအုပ်ရုံးနှင့် နေအိမ်အဆောက်အဉီးများ ထိခိုက်ပျက်စီးခဲ့ကြောင်း မြို့နယ်ဒေသခံ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်က ပြောသည်။ “မနေ့ည ၉နာရီခွဲမှာ ဗုံးထပ်ကြဲသွားတယ်။ ထွေအုပ်ရုံးမှာ ချသွားတာ ကင်းစောင့်တဲ့သူ ၂ ဦးပျောက်သွားတယ်။ အဆောက်အအုံအောက်မှာပဲ ပိမိတာလားမသိဘူး။ ခုတော့ သန့်ရှင်းရေးလုပ်ပြီး ရှာဖွေနေတုန်း။ အဆောက်အအုံးတော့ တော်တော်များများ ပျက်စီးနေတယ်”ဟု ၎င်းကပြောသည်။ သိန္နီမြို့ပေါ် စစ်ကောင်စီ ဗုံးကြဲ ပြီးခဲ့သည့် (အောက်တိုဘာလ ၂၅ […]
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ပေါ်သို့ သီတင်းကျွတ်လပြည့်ညတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၇ ရက်) ည ၁၀ နာရီခန့်မှ စတင်ပြီး ယနေ့ (အောက်တိုဘာ ၁၈ ရက်) နံနက် ၁ နာရီကျော် အချိန်ထိ စစ်ကောင်စီတပ်က တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ ထိန်းချုပ်ထားသည့် နောင်ချိုမြို့ပေါ် လူနေရပ်ကွက်များအတွင်း လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း နောင်ချိုမြို့ ဒေသခံများက ပြောသည်။ နောင်ချို ဗုံးကြဲခံရ “မနေ့က TNLA တွေက သီတင်းကျွတ်ညဆိုတော့ ပွဲတွေလုပ်နေကြတာနေမှာ၊ ၁၀ နာရီထိုးခါနီး ဗုံးမကြဲခင်ထိတော့ သီချင်းသံတွေ ဆူညံနေသေးတယ်။ ၁၀ နာရီလောက်မှာ […]