[Unicode] အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ တောင်ပေါ်မြို့လေးမှာ ဝန်းကျင်ရှိ အခြားသော tourist hotspot များထက် တမူကွဲထွက်နေသောကြောင့် လည်ပတ်ရန် ကျော်ကြားသည့်နေရာဖြစ်လာသည်။ အိုင်ဒဲဝိုင်း (Idyllwild) ဟုအမည်ရသောမြို့လေးဖြစ်ပြီး San Jacinto တောင်တန်းပေါ်တွင် တည်ရှိကာ လော့စ်အိန်ဂျလိမြို့မှ ၂ နာရီခရီးခန့် ဝေးကွာသည်။ လူဦးရေ ၄၀၀၀ ခန့်သာရှိသောမြို့လေးဖြစ်သည်။ အိုင်ဒဲဝိုင်းတွင် နှင်းလျှောစီး အပန်းဖြေစခန်းမရှိ၊ Starbuck ဆိုင်များမရှိ၊ မီးပွိုင့်များမရှိကြောင်း SFGates က ဖော်ပြသည်။ အသက် ၃၀ အရွယ်ရှိ ဒေသခံတစ်ဦးဖြစ်သူ Chris Perreault က SFGates သတင်းဌာနသို့ “ဒီအနေအထားကို ကျွန်တော်တို့ သဘောကျပါတယ်။ မြို့ငယ်လေးဖြစ်တာ ကျွန်တော်တို့ကြိုက်တယ်။ တမျိုးတဘာသာ ကွဲပြားတာကို ကြိုက်တယ်။ ကျွန်တော်တို့က မြို့ကြီးဖြစ်မှာကို မကြိုက်ပါဘူး” […]