ylliX - Online Advertising Network

အာရက္ခတပ်တော်မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်အပါအဝင် အမြောက်တပ်ရင်း မြေမြန်တပ်ရင်းများကို သိမ်းပိုက်ထား

RNA_နိုဝင်ဘာ(၁၄)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာချုပ်ကို တိုက်ခိုက်နေသော အာရက္ခတပ်တော်-AA အနေဖြင့် လေကြောင်းရန်ကာကွယ်ရေးတပ်၊ ခြေမြန်တပ်ရင်း၊ အမြောက်တပ်ရင်း၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်၊ လေကြောင်းရန်ကာကွယ်ရေးတပ် စသည်တိို့ကို သိမ်းပိုက်ရရှိထားပြီဖြစ်သည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများထဲမှ အမှတ် (၃၇၃) ခြေမြန်တပ်ရင်း၊ အမှတ် (၃၇၄) အမြောက်တပ်ရင်း၊ အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် (၃၄၅) စစ်လက်နက် ပစ္စည်းတပ်ခွဲ၊ အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၊အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၊ လေကြောင်းရန်ကာကွယ်ရေးတပ်၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်တို့အား သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း၊ နပခ-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ၊ အမှတ် (၁၀) တပ်ထိန်းတပ်ခွဲတို့အပါအဝင် (၁၀) နေရာကို ထိုးစစ်ဆင်နေသည်ဟု AA ကထုတ်ပြန်ထားသည်။ အာရက္ခတပ်တော်အနေဖြင့် အာရက္ခဒေသစစ်ဆင်ရေး (၁) […]

အမ်းမြို့အနီးက လုံးကျေးရွာကို စစ်ကောင်စီ မီးရှို့၊ အိမ်စောင့်သဘော ကျန်ရစ်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေနဲ့ အဆက်အသွယ်ပြတ်နေ

တိုက်ပွဲတွေပြင်းထန်နေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ ရခိုင်ပြည်၊ အမ်းမြို့အနီးက လုံးကျေးရွာကို အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၆ နာရီခန့်မှာ စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။   အင်အား ၁၀၀ ပါ စစ်ကြောင်းက လုံးကျေးရွာကို ဝင်ရောက်ပြီး မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ် မီးလောင်ပြာကျသွားတယ်လို့ စစ်ဘေးရှောင် လုံးကျေးရွာသားတစ်ဦးက ပြောပါတယ်။   “မနက်အစောကြီး ၅ နာရီခွဲ ၆ နာရီလောက် လာရှို့တာ။ လက်ရှိရောက်နေတဲ့ နေရာကနေ လှမ်းမြင်နေရတယ်။ မီးခိုးလုံးတွေ တက်လာတာကို။ ရွာမှာက တိုက်ပွဲတွေ ပြင်းကတည်းက ရှောင်နေကြတာ။ အိမ်စောင့် လူနည်းစုတော့ ကျန်ခဲ့တယ်လို့ သူက ဆိုပါတယ်။   ကျေးရွာအတွင်း အိမ်စောင့်သဘောအနေနဲ့ သက်ကြီးရွယ်အိုတချို့ ကျန်ရစ်ခဲ့ပြီး […]