ယုံကြည်မှုရှိရှိနဲ့ လှပနိုင်ဖို့အတွက် “RENÉ Mattias” ရဲ့ Season Of Love Event မိတ်ဆက်ပွဲကို နိုဝင်ဘာ ၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ Myanmar Plaza Promotion Area မှာ ကျင်းပခဲ့ရာ နာမည်ကြီး အနုပညာရှင်များစွာနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အဆိုပါ အခမ်းအနားကို နာမည်ကျော် အနုပညာရှင်များဖြစ်ကြတဲ့ ကျော်ထက်ဇော်၊ ရတနာဗိုလ်၊ နော်ဖောအယ်ထား၊ ရှိန်းတင်ထူး၊ မေဂရေ့စ်၊ ခီရာတို့ တက်ရောက်ခဲ့ပြီး နာမည်ကျော် Fashion Stylist J Fish ရဲ့ ယုံကြည်မှုရှိရှိပေါင်းစပ်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒီပွဲမှာတော့ အမျိုးသားတွေအတွက် Official Mens Wear Launch ဖက်ရှင်တွေနဲ့ ပွဲတက်အနုပညာရှင်ဝတ်ဆင်ခဲ့သလို Model တွေကလည်း ဝတ်ဆင်ရှိုးလျှောက်ခဲ့ကြပါတယ်။ […]