Skip to content Asus က အမိုက်စား စွမ်းရည်မြင့် Gaming ဖုန်းတွေ ဖြစ်တဲ့ ROG Phone 9 Series ကို ကြေညာလိုက်ပြီး ROG Phone 9 နဲ့ ROG Phone 9 Pro တို့ ပါလာပါတယ်။ ဒီဖုန်းတွေမှာ Display က 6.78” Full HD+ AMOLED HDR LTPO ကို သုံးထားပြီး 165Hz Refresh Rate နဲ့ 2500 ပါလာပါတယ်။ Display ကို အကြမ်းခံတဲ့ Gorilla Glass Victus 2 နဲ့ ကာကွယ်ထားပါတယ်။ Qualcomm ရဲ့ နောက်ဆုံးထုတ်စွမ်းရည်မြင့် […]
ရုရှားနိုင်ငံသား နာရီဖန်တီးသူ ကွန်စတန်တင်ချေကင် ဖန်တီးထားတဲ့ The ThinKing နာရီဟာ ကမ္ဘာ့အပါးဆုံး လက်ပတ် စက်နာရီအဖြစ် စံချိန်တင်နိုင်ဖို့ ရှိနေပါတယ်။ ကမ္ဘာ့အပါးဆုံး လက်ပတ်နာရီ ဖန်တီးနိုင်ဖို့အတွက် နာမည်ကျော်ကုမ္ပဏီကြီးတွေအပါအဝင် နာရီဖန်တီးသူတွေ အပြိုင်အဆိုင် ကြိုးစားခဲ့ကြတာ နှစ်ကာလ အတော်ကြာခဲ့ပါပြီ။ ချေကင် ဖန်တီးတဲ့ The ThinKing နာရီကတော့ အထူ ၁.၆၅ မီလီမီတာပဲ ရှိပြီး လက်ပတ်နာရီအဖြစ် ဝတ်ဆင်ဖို့တောင် အလွန်ခက်ခဲတဲ့အထိ ပါးလျလွန်းပါတယ်။ အလွန်ပါးလွန်းတာကြောင့် နာရီကြိုးတင်းအားဒဏ်နဲ့တောင် ကျိုးပဲ့ပျက်စီးလွယ်တဲ့အတွက် အထူးဖန်တီးထားတဲ့ နာရီကြိုး တပ်ဆင်ခဲ့ရတာပါ။ တင်းအားဒဏ်၊ တွန့်လိမ်မှုဒဏ်တွေ ခံနိုင်အောင် မိကျောင်းသားရေ လက်ပတ်ကြိုးပေါ်မှာ တိုင်တေနီယမ်သတ္တု အကွပ်တွေနဲ့ တွယ်ဆက်ဖန်တီးထားရတာ ဖြစ်ပါတယ်။ အလွန်ပါးလွှာတဲ့ ခွေးသွားစိတ်တွေကို ဟန်ချက်ညီဘီးနှစ်ဆင့်စနစ်နဲ့ ဖန်တီးထားတာဖြစ်လို့ အခုလောက်အထိ ပါးလွှာတာဖြစ်ပြီး […]
[Unicode] ကမ္ဘာကျော် သူဌေးကြီး Warren Buffett ၏ ညာလက်ရုံးဟု ဆိုနိုင်သူ ချာလီ မန်ဂါ (Charlie Munger) သည် ၂၀၀၀ ပြည့်လွန် အစောပိုင်းကာလများတွင် မျှော်လင့်မထားသော ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့သည်။ မိသားစု ပိုင်ဆိုင်သမျှ ဒေါ်လာ သန်း ၉၀ နီးပါးကို အသက် ၃၈ နှစ်အရွယ်သာရှိသေးသော လီလူ (Li Lu) အမည်ရှိ ရင်းနှီးမြှုပ်နှံသူတစ်ဦးထံ အပ်နှံကာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က လီလူမှာ ရင်းနှီးမြှုပ်နှံမှုလောကတွင် နာမည်တက်နေပြီး တရုတ်ပြည်၏ Warren Buffett ဟု အများက ရည်ညွှန်းခေါ်ဝေါ်နေကြသည်။ Charlie Munger ၏ ရင်းနှီးမြှုပ်နှံခဲ့မှုနောက်ပိုင်း ရလဒ်မှာ အံ့မခန်းပင်။ သူ၏ ရင်းနှီးမြှုပ်နှံခဲ့မှုမှာ […]