၁၃.၁၀. ၂၀၂၄Written by Shwe Phyo ရုရှားနှင့်တရုတ်နိုင်ငံတို့သည် အရှေ့တောင်အာရှနိုင်ငံများက ရေးဆွဲထားသည့် အရှေ့အာရှထိပ်သီး အစည်းအဝေးနှင့်ပတ်သက်သော ထုတ်ပြန်ချက်မူကြမ်းကို ပိတ်ပင်ထားဆီးမှုများရှိခဲ့ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးကပြောသည်။ အရှေ့တောင်အာရှနိုင်ငံများက ရေးဆွဲထားသည့် အဆိုပြုချက်မူကြမ်းထဲတွင် အငြင်းပွားမှုများဖြစ်ပွားနေသည့် တောင်တရုတ်ပင်လယ်နှင့်ပတ်သက်သောရည်ရွယ်ချက်တွင် သုံးစွဲသော ဘာသာစကားအပေါ် ပိတ်ပင်တားဆီးခြင်းမျိုးဖြစ် ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက ပြောသည်။ လာအိုနိုင်ငံတွင်ကျင်းပခဲ့သော အရှေ့အာရှထိပ်သီးအစည်းအဝေးကို အရှေ့တောင်အရှဒေသအတွင်းရှိ နိုင်ငံပေါင်း ၁၀ နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံတက်ရောက်ခဲ့ကြောင်း သိရသည်။ အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက “အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရေးဆွဲထားတဲ့ ထုတ်ပြန်ချက် မူကြမ်းနောက်ဆုံးအဆင့်ကို အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ တောင်ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတို့က အားပေးထောက်ခံခဲ့တယ်။ ဒါပေမယ့် တရုတ်နဲ့ ရုရှားနိုင်ငံတို့ဟာ အဲဒီထုတ်ပြန်ချက်မူကြမ်းကို ထောက်ခံတာမျိုးမရှိခဲ့ဘူး” ဟု ပြောသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့်က “အမေရိကန်၊ […]