တနင်္ဂနွေနေ့ကအစ္စရေးအမှတ်၄၀၁တပ်မဟာမှူးဗိုလ်မှူးကြီးဆီဘက်စ်တီယန်အိုင်းယွန်းစီးနင်းလာသည့်တင့်ကားကိုဂါဇာမြောက်ပိုင်းဂျာဘလီယာတွင်ဟားမတ်စ်တို့၏အယ်ကက်ဆန်တပ်မဟာက ဗုံးခွဲပြီးသတ်ဖြတ်လိုက်သည်။ အစ္စရေးတို့ကြဲချပြီးမပေါက်ကွဲသောအမေရိကန်ဗုံးကို မြေမြှုတ်ဗုံးအဖြစ်အသုံးပြုကာတိုက်ခိုက်ခြင်းဖြစ်သည်။ယမန်နှစ်အောက်တိုဘာလ၇ရက်မှစပြီးရေတွက်လျင်အစ္စရေးစစ်တပ်မှလေးဦးမြောက်သေဆုံးသည့်ဗိုလ်မှူးကြီးဟုသိရသည်။ Source link