(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၂၄ ပြည်တွင်းစစ်၊ ပိတ်ဆို့မှု နဲ့ အငတ်ဘေး ပြည်တွင်းစစ် ဖြစ်ပွားလာတာ ၃ နှစ်နီးပါးရောက်ရှိလာသလို ယခု ၂၀၂၄ ခုနှစ်ထဲမှာ စစ်ပွဲရဲ့ အရှိန်အဟုန် ဖြစ်ပွားတဲ့နေရာ အကျယ်အဝန်း၊ လူထိခိုက်မှု အရေအတွက်၊ မြို့တွေက နေအိမ် အဆောက်အဦ ပျက်စီးမှုတွေက လက်ရှိ အချိန်အထိ အမြင့်ဆုံး အဆင့်ကိုရောက်လာနေတယ်လို့ ဆိုနိုင်ပါတယ်။ သေဆုံးမှုတွေ မှာ ၁၀ ဂဏန်းအောက်ရှိတဲ့ အရေအတွက်တွေက သတင်းမဖြစ်ဘူးလို့ ဆိုရလောက်အောင် ဂရုပြုစရာ ကိန်းဂဏန်းတွေ မဟုတ်ကြတော့ပါဘူး။ အရပ်သား သေဆုံးမှု၊ ဖမ်းဆီးခံရမှု၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခြင်း၊ တိုက်ပွဲအတွင်း သေဆုံးတဲ့ အရေအတွက်၊ မြို့ရွာ ပျက်စီးဆုံးရှုံးခြင်း စတဲ့ အရာတွေက နိုင်ငံရဲ့ နေရာအတော်များများမှာ နေ့စဥ်ဖြစ်နေကျ […]
လာမည့် ၂၀၂၅ ခုနှစ်လယ်တွင် ရခိုင်ပြည်အတွင်း လူဦးရေ ၂သန်းကျော်လောက်မှာ အငတ်ဘေးနှင့် ကြုံရနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က နိုဝင်ဘာလ ၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။ ရခိုင်ပြည်အတွင်း တိုက်ပွဲများပြင်းထန်နေခြင်းနှင့်အတူ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုအပါအဝင် ပြည်အတွင်း နိုင်ငံတကာ ကုန်ပစ္စည်းဝင်ရောက်မှု ကန့်သတ်ခြင်း၊ ဝင်ငွေမရှိခြင်း ငွေကြေးဖောင်းပွခြင်းတို့ကြောင့် လာမည်နှစ်အတွင်း ဆိုးဆိုးရွားရွားကြုံရနိုင်ကြောင်း ဆိုသည်။ ထို့အပြင် ရခိုင် ပြည်တွင်းထုတ်ကုန် သိသိသာသာကျဆင်းမှု အပါအဝင် ဝန်ဆောင်မှုများ၊ လူမှုဖူလုံရေးကွန်ရက်များ မရှိသောကြောင့် ပိုပြီးအကျိုးဆက်များ ခံစားရနိုင်ကြောင်း UNDP ၏ အစီရင်ခံစာက ဆိုသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ တစ်ကျော့ပြန် စတင်ဖြစ်ပွားခဲ့သည့် အာရက္ခတပ်တော် AAနှင့် စစ်ကောင်စီတပ်တို့သည့် […]