ylliX - Online Advertising Network

UWSA နဲ့ ထိုင်းနယ်စပ် အငြင်းပွားမှုနဲ့ အဖြေဘယ်လိုရှာမလဲ

(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၂၄⁨⁨⁨⁨⁨⁨ UWSA နဲ့ ထိုင်းနယ်စပ် အငြင်းပွားမှုနဲ့ အဖြေဘယ်လိုရှာမလဲ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံအဖို့ စစ်မက်မဖြစ်ပွားတဲ့ ပုံမှန်ကာလတွေလို မဟုတ်ဘဲ နေ့စဥ် သတင်းအဖြစ်အပျက်တွေက များပြားလွန်းလှတယ်လို့ ဆိုရမယ့် အနေအထား ဖြစ်ပါတယ်။ စစ်အာဏာရှင်တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ နှိပ်စက်ခံရမှုတွေက နေ့စဥ် ဖြစ်နေကျ အဖြစ်အပျက်တွေသဖွယ် ဖြစ်လာနေပေမယ့်လည်း တဦးတလေ ဖမ်းဆီးခံရတာ၊ နှိပ်စက်သတ်ဖြတ်ခံရတာမျိုး မဟုတ်ဘဲ ဆယ်ဂဏန်းနဲ့ချီ ဖမ်းဆီးခံရတာမျိုး ညှဉ်းဆဲသတ်ဖြတ်ခံရတာမျိုးတွေက သတင်းအဖြစ် ဖော်ပြကြရတဲ့ အနေအထားမျိုး ဖြစ်လာပါတယ်။  တိုက်ပွဲဖြစ်ပွားတာက သတင်းလို့ တထစ်ချ ပြောဖို့ ခက်ခဲလာပြီး ဘယ်လို ဒေသမှာ ဖြစ်ပွားတာလဲ၊ ဘယ်လောက်ကျယ်ပြန့်တဲ့ အတိုင်းအတာနဲ့ ဖြစ်တာလဲ၊ သက်ရောက်မှု ဘယ်လောက်ကြီးမားလဲ […]