အနုပညာလောကမှာ ပရိသတ်အားပေးမှုရရှိထားခဲ့တဲ့ သရုပ်ဆောင် ဖူးဖူးကတော့ လက်ရှိအသက် ၄၀ အရွယ်မို့ တစ်ယောက်တည်း အေးချမ်းစွာဖြတ်သန်းရတာ ပိုသဘောကျလာတယ်လို့ဆိုပါတယ်။ “မဖူးကတော့ အိမ်ထောင်ပြုဖို့တော့ တော်ပြီပေါ့။ ဒါပေမယ့် ဖူးစာဆိုတာ ဘယ်ချိန်ရမလဲ မပြောတတ်သေးဘူးပေါ့။ စကားတော့အကုန်မပြောပါဘူးပေါ့။ လက်ရှိတစ်ယောက်တည်းက အေးချမ်းပါတယ်။ မဖူးကတော့ အသက် ၄၀ပြည့်ပြီးချိန်မှာ တော်တော်လေးကို အေးချမ်းတာကို သိလာတယ်။ တကယ်တော့ အသက် ၂၅၊ ၃၀ ကတော့ မိန်းကလေးတစ်ယောက်အနေနဲ့ အိမ်ထောင်ပြုဖို့အသင့်တော်ဆုံးလို့ မဖူးထင်တယ်။ ကိုယ်တိုင်လည်း စဉ်းစားခဲ့တယ်။ ပြတ်သွားခဲ့တာမို့ ဒီအချိန်မှာတော့ တစ်ယောက်နေရတာကို ဒီခေတ်ဒီကာလမှာ ပိုကြိုက်သွားတာပေါ့။ ဒီအရွယ်မှာ ကိုယ့်စိတ်ကြိုက် ဖန်တီးခွင့်သွားလာခွင့် တွေရတယ်လို့ မြင်တယ်။ ဒီအချိန်မှာ စီးပွားရေးတွေလုပ်နေတော့ သရုပ်ဆောင်ပိုင်းပြန်လှမ်းဖို့က ကိုယ်နဲ့အဆင်ပြေတာ ဆိုရင်တော့ ရိုက်မှာပေါ့နော်။ လောလောဆယ်ပွဲတက် ဓာတ်ပုံရိုက်၊ ပြက္ခဒိန်တွေ […]