ylliX - Online Advertising Network

အချိန်ပိုဆင်းရန်ငြင်းဆန်၍ အလုပ်သမားအခွင်းရေးတောင်းဆိုသူများ အလုပ်ထုတ်ခံရ  – Myanmar Now

ရန်ကုန်မြို့အခြေစိုက် Charis Co., Ltd စက်ရုံသည် အချိန်ပိုဆင်းရန်ငြင်းဆန်သည့် အလုပ်သမားနှစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည်ဆိုသည့် စက်ရုံတာဝန်ရှိသူကို အရေးယူရန်တောင်းဆိုခဲ့ကြသော အလုပ်သမားများထဲမှ အနည်းဆုံး ၁၄ ဦးကို နိုဝင်ဘာ ၉ ရက်မှစတင်၍ အလုပ်ထုတ်လိုက်သည်ဟု အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများကဆိုသည်။ လှိုင်သာယာစက်မှုဇုန် မြစိမ်းရောင်လမ်းရှိ ကြွေထည်ရုပ်ထုနှင့် ပန်းပုရုပ်ထုများထုတ်လုပ်သည့် ထိုစက်ရုံသည် အလုပ်သမားများအား ကတိပေးထားသည့်ဆုကြေးများပေးရန် ပျက်ကွက်ခဲ့ကြောင်း၊ ထိုအချက်ကြောင့် အမျိုးသမီဝန်ထမ်းနှစ်ဦးသည် အချိန်ပိုဆင်းရန်ငြင်းဆန်ခဲ့ပြီး၊ လုပ်ဖော်ကိုင်ဖက်  များကိုလည်း အချိန်ပိုမဆင်းရန်တိုက်တွန်းခဲ့သည်ဟု အလုပ်သမားများထံမှသိရသည်။ အချိန်ပိုဆင်းရန် ငြင်းဆန်သည့် အဆိုပါအလုပ်သမားနှစ်ဦးကို ပြီးခဲ့သည့် အောင်တိုဘာ ၃၀ ညနေပိုင်းတွင် ကုမ္ပဏီဒါရိုက်တာက ‘မပြန်ရဘူး’ ဟုဆိုကာ လက်မောင်းဆွဲ၍ ဆောင့်တွန်းခဲ့ကြောင်း အလုပ်သမားများဘက်က ဆိုသည်။ ယင်းအဖြစ်အပျက်တွင် ကျူးလွန်သူကိုအရေးယူပေးရန်  စက်ရုံအလုပ်သမား ၂၀၀ ကျော်သည် […]