ဝါးခယ်မတွင် ပြည်သူ့စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များကို အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က အချိုးကျ ငွေတောင်း – Ayeyarwaddy Times Source link
Portfolio ဆိုတာ ကျနော်တို့ရဲ့ အလုပ်နဲ့ပတ်သက်တဲ့အရည်အချင်း၊ လုပ်ဆောင်ချက်တွေကို ဘယ်လောက်အတိုင်းအတာထိ လုပ်နိုင်စွမ်းရှိတယ်ဆိုကြောင်းကို ထုတ်ဖော်ပြသပေးနိုင်တဲ့ အရာတခုဖြစ်ပါတယ်။ အလုပ်တခုမှာ ဘယ်လောက်ကျွမ်းကျင်ကြောင်း၊ Professional ဖြစ်ကြောင်းကိုလည်း Portfolio ကနေတဆင့် အကဲဖြတ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့မှာ Portfolio တခုစနစ်တကျဖြစ်ဖို့ရာမဖြစ်မနေထည့်သွင်းဖော်ပြသင့်တဲ့ အရေးကြီးဆုံးအချက် (၆)ချက်ကိုပြောပြပေးလိုက်ပါတယ်။ Personal Information – ကိုယ်ရေးအချက်အလက်တွေအပြည့်အစုံပါဝင်ရပါမယ်။ အမည်ကနေစလို့ ဆက်သွယ်လို့ရမယ့် အီးမေးလ်လိပ်စာ၊ ဖုန်းနံပါတ်တို့မဖြစ်မနေထည့်ရပါမယ်။ အခုနောက်ပိုင်းမှာ Social Media Account တွေကိုပါဖော်ပြပေးကြပါတယ်။ LinkedIn Account, Facebook Account အစရှိသဖြင့်။ Professional Summary – ကိုယ့်ရဲ့ Career သက်တမ်းမှာလုပ်ဆောင်ချင်တဲ့အလုပ်တွေ၊ ရည်မှန်းချက်ပန်းတိုင်တွေကိုလည်း ထည့်သွင်းဖော်ပြသင့်ပါတယ်။ ဒါမှလည်း ဘယ်လောက်ထိ Passionate ဖြစ်ကြောင်းပေါ်လွင်စေမှာပါ။ Work Samples – လုပ်ဆောင်ချက်နမူနာတွေကိုလည်း […]