[Unicode] အမေရိကန်ပြည်၊ ဖလော်ရီဒါပြည်နယ်တွင် Milton ဟာရီကိန်းမုန်တိုင်းကြီး တိုက်ခတ်ခဲ့ရာ ဟောလိဝုဒ် ကြယ်ပွင့် တွမ်ခရုစ်၏ Clearwater မြို့ရှိ Penthouse ခန်းမှာ ကြံ့ကြံ့ခံ ကျော်လွှားနိုင်ခဲ့မှုကြောင့် တွမ်ခရုစ်မှာ သက်ပြင်းချနိုင်ခဲ့ပြီ ဖြစ်သည်။ မိုးလေဝသ ပညာရှင်တို့က Milton မုန်တိုင်းကြီးမှာ Category 5 အဆင့်အထိ အားပြင်းသော မုန်တိုင်းကြီး ဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့ကြသည်။ Milton မုန်တိုင်းသည် တွမ်ခရုစ်၏ ဒေါ်လာသန်းပေါင်းများစွာတန်ကြေးရှိအခန်းကို ချန်လှပ်ခဲ့ဟန် ရသည်။ မုန်တိုင်းကြောင့် မြို့မှာ အကြီးအကျယ်ထိခိုက်ပျက်စီးကာ ကသောင်းကနင်းဖြစ်မည်ဟု ခန့်မှန်းခဲ့ပြီး အကြီးအကျယ်ရေလွှမ်းမည်ကို စိုးရိမ်ခဲ့ကြသည်။ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး Ron DeSantis ၏ ပြောကြားချက်အရ မုန်တိုင်းသည် မြို့ကိုမဝင်မီတွင် အားပျော့သွားခဲ့ကြောင်း၊ ပြည်သူတို့၏ စိုးရိမ်မှုများ လျော့ကျသွားခဲ့ကြောင်း ပြောသည်။ […]