ချင်းပြည်နယ်၊ မြို့တော်ဟားခါးရှိ စစ်ကောင်စီစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦးအပါအဝင် ၄ ဦးသုံ့ပန်းအဖြစ် ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း ချင်းတော်လှန်ရေး အဖွဲ့များထံမှ သိရသည်။ ဟားခါးနှင့်ထန်တလန်ကြား Kiamtlang တောင်ပေါ်ရှိ အင်အား ၁၅ ဦးခန့် ရှိသည့် ထိုစခန်းကို အောက်တို ဘာ ၂၈ ရက်၊ နံနက် ၇ နာရီခွဲ ဝန်းကျင်တွင် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းဒေသကာကွယ် ရေးအဖွဲ့ -ဟားခါး (CDF Hakha) တို့ ဝင်ရောက်တိုက်ခိုက်ပြီး နာရီဝက်အကြာတွင် တိုက်ပွဲပြီးဆုံးခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကာ ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦး၊ ပြည်သူ့စစ်သင်တန်းဆင်း တပ်သားသစ်တစ်ဦးအပါအဝင် […]
ဟားခါးတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၂ ဦး ဒဏ်ရာရ – Ayeyarwaddy Times Source link