ylliX - Online Advertising Network

သီတင်းကျွတ်ပွဲတော်ကာလတွင် မြန်မာ့ရိုးရာမီးပုံးများနှင့်အတူတရုတ်ရောင်စုံစက္ကူမီးပုံးများဖြင့်လည်း အလှဆင်လာ

ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) သီတင်းကျွတ်လပြည့်နေ့နီးကပ်လာသည်နှင့်အမျှ မြန်မာနိုင်ငံတစ်ဝန်းတွင် ပွဲတော်ကာလအတွက် ပြင်ဆင်မှုများဖြင့်အလုပ်များနေကြပြီး နေအိမ်များနှင့် ဈေးဆိုင်များ၌ ရောင်စုံမီးပုံးများဖြင့် အလှဆင်သူများရှိသလို အချို့မှာလည်း မိသားစုနှင့်ပြန်လည်ဆုံစည်းရန် မွေးရပ်မြေသို့ပြန်သူများလည်း ရှိကြသည်။သီတင်းကျွတ်လပြည့်နေ့သည် မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ ဆင်းသက်လာသည့် နေ့ထူးနေ့မြတ်ဖြစ်ကာ သီတင်းကျွတ်လပြည့်ဆီမီးထွန်းပူဇော်ပွဲနှင့် မိသားစုဆုံစည်းကြသည့် အခါသမယလည်းဖြစ်ပေသည်။ ဘုရားစေတီများနှင့် မိမိတို့၏နေအိမ်များတွင် မြန်မာ့ရိုးရာနှင့် ခေတ်မီ ရောင်စုံမီးပုံးများ၊ဆီမီးခွက်များနှင့် ဖယောင်းတိုင်များ မီးထွန်းပူဇော်ခြင်းဖြင့် မီးရောင်စုံထိန်ထိန်လင်းနေသည်။ မစုမာလွင်တစ်ယောက် ဆင်ခြေဖုံးရပ်ကွက်မှ ရန်ကုန်မြို့လယ်ရှိလူစည်ကားသောဈေးသို့ လာရောက်ကာ မီးပုံးများနှင့် ပွဲတော်အလှဆင်ပစ္စည်းများဝယ်ယူရန် လူအုပ်ကြားထဲတရွေ့ရွေ့သွားလာလှုပ်ရှားနေသည်။ “ဒီနှစ်တော့ အိမ်ရှေ့မှာ မီးပုံးအလှလေးတွေအလှချိတ်မယ်” ဟုမစုမာလွင်က အသစ်ဝယ်ယူလာသော တရုတ်ရောင်စုံမီးပုံးများကို ပြသလျက်ပြောသည်။ “ဒီမီးပုံးလေးတွေကို ချစ်လို့၊ လှလို့၊သေသပ်လို့ ဝယ်ဖြစ်တာပါ။ နှစ်တိုင်းတော့ အသစ်အဆန်းလေးတွေ တွေ့ရင် ဝယ်ပြီးအိမ်မှာချိတ်ထားတယ်။ အထူးသဖြင့်တရုတ်မီးပုံးလေးတွေ […]