ylliX - Online Advertising Network

မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီးများမှာ တရားသူကြီး၊ ဆရာဝန်များ ဖြစ်လာ – iMyanmarHouse.com

မလေးရှားနိုင်ငံတွင် သန့်ရှင်းရေးအလုပ်သမားတစ်ဦးသည် မိသားစုကို ရှာဖွေကျွေးမွေးရန်အတွက် ၂၇ နှစ်တာလုံး သူ၏ဘဝကို အလုပ်ထဲတွင် မြှုပ်နှံထားခဲ့ကာ ခွင့်တစ်ရက်မှ နားခဲ့ခြင်း မရှိချေ။ ထိုသို့ ကြိုးစားရင်း သားသမီးများကို ကောင်းစွာပြုစုပျိုးထောင်နိုင်ခဲ့ရာ သားသမီးများမှာ တရားသူကြီး၊ ဆရာဝန်၊ အင်ဂျင်နီယာများ ဖြစ်လာခဲ့ကြသည်။ အဘူဘေကာသည် ယခုအခါ အသက် ၇၀ အရွယ်ရှိပြီဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဇာတိဖြစ်၏။ လွန်ခဲ့သော ၃၁ နှစ်ခန့်က သူ၏ဇာတိမြေကို ကျောခိုင်းကာ မလေးရှားတွင် လာရောက်အလုပ်လုပ်ကိုင်ခဲ့သည်။ မလေးရှားသတင်းဌာနတစ်ခုဖြစ်သော Humans of Kuala Lumpur နှင့် တွေ့ဆုံမေးမြန်းခန်းတွင် အဘူဘေကာက ပြောသည်မှာ မလေးရှားတွင် အလုပ်အကိုင်ပေါသည်ဟု သတင်းများကြားရပြီးနောက် မလေးရှားသို့ သွားရောက်အလုပ်လုပ်လိုစိတ် ပြင်းပြခဲ့ကြောင်း၊ မိမိ၏ အသိအကျွမ်းများမှာမူ ထိုသို့ အလုပ်လုပ်လိုမှု မရှိကြကြောင်း ပြောသည်။ […]