ဂျကာတာ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှား စစ်ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တိုက ပါလီမန်အဆောက်အအုံ၌ အင်ဒိုနီးရှားနိုင်ငံ၏ ရှစ်ဦးမြောက် သမ္မတအဖြစ် အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းတွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကာ ကမ္ဘာပေါ်တွင် စတုတ္ထမြောက် လူဦးရေအများဆုံး အင်ဒိုနီးရှားနိုင်ငံအား ဆယ်စုနှစ်တစ်ခုကြာ ဦးဆောင်ခဲ့သည့် ဂျိုကိုဝီဒိုဒို၏ နေရာအား ဆက်ခံခဲ့သည်။ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ပရာဘိုဝိုနှင့် ၎င်း၏ ဒုသမ္မတလောင်းဖြစ်သူ ဂျီဘရန် ရာကာဘူမင်ရာကာတို့သည် ဖေဖော်ဝါရီ ၁၄ ရက်၌ ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။ ဂျီဘရန်မှာ ဆူရာကာတာ မြို့တော်ဝန်ဟောင်းဖြစ်ကာ သမ္မတဟောင်း ဝီဒိုဒို၏ အကြီးဆုံးသားလည်းဖြစ်သည်။ ပရာဘိုဝိုက ၎င်းအနေဖြင့် အင်ဒိုနီးရှား ပြည်သူအားလုံးအတွက် အလုပ်အကျွေးပြုမည်ဟု ပထမဆုံးမိန့်ခွန်း ပြောကြားစဉ်အတွင်း ကတိပြုခဲ့သည်။ […]