ylliX - Online Advertising Network

ကန်ပိုင်တည်မြို့ကို KIA သိမ်းပိုက်၊ ကချင်အထူးဒေသ(၁) တစ်ခုလုံး စစ်ကောင်စီလက်မှ လွတ်မြောက် – Myanmar Now

KIA နှင့် PDF များကို ချေမှုန်းမည်ဟု ကြွေးကြော်ထားသည့် စစ်ကောင်စီဩဇာခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော နယ်ခြားစောင့်တပ်အုပ်ချုပ်သည့် ကန်ပိုက်တည်မြို့ကို KIA က ယနေ့သိမ်းပိုက်လိုက်သည်။ Source link

တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ အမ်းမြို့ရှိ တပ်စခန်းနှစ်ခုကို AA သိမ်းပိုက် – Myanmar Now

အမ်းမြို့နယ်အတွင်း  ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေသည့် အာရက္ခတပ်တော် (AA) က စခန်းအများစု သိမ်းပိုက်ရရှိသွားပြီဖြစ်သဖြင့် စစ်ကောင်စီက ထိုမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်စခန်း ကို လက်လွှတ်ရခါနီးနေပြီဟု ဒေသခံများက ပြောသည်။  ယမန်နေ့ (နိုဝင်ဘာ ၆) တွင် အမှတ် (၃၇၁) ခြေမြန်တပ်ရင်း၊  စစ်လက်နက် ပစ္စည်းသိုလှောင်ရေးတပ် တို့ကို လက်လွှတ်လိုက်ရသည်ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။  “စစ်ဌာနချုပ်မှာလည်း တချို့အဆောက်အဦတွေ မီးလောင်နေတယ်လို့ သိရတယ်။ AA က လက်နက် ကြီးတွေနဲ့ လှမ်းပစ်လို့ မီးလောင်နေတာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ လေယာဉ်ကွင်းအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု သူက ဆက်ပြောသည်။ AA သည် အမ်းမြို့နယ်ရှိစစ်ရေးအရ အရေးပါသော တောဟိန်းတောင်ဗျူဟာကို ပြီးခဲ့သည့်ဇွန်လက သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် အမ်းမြို့နယ်တစ်ခုလုံးကို ဝိုင်းပိတ်ဆို့ကာ ကနဦးတွင်  တိုက်ပွဲ […]

ကချင်အထူးဒေသ (၁) ကို KIA သိမ်းပိုက်၊ တရုတ်က တိုက်ပွဲမဖြစ်ဖို့ KIA ကို ထပ်ပြီးသတိပေး – THE 74 MEDIA

(တစ်ပတ်တာတိုက်ပွဲသတင်း) ပြီးခဲ့တဲ့ ရက်သတ္တပါတ်ကတော့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ရဲ့နောက်ဆုံးတပ်ရင်းဖြစ်တဲ့ အမှတ် (၁၀၀၁) နယ်ခြားစောင့်တပ်ရင်းကို KIA ပူပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့တဲ့အပြင် ဗန်းမော်-မိုးမောက်မြို့ကြားမှာ စစ်ကောင်စီတပ်ရဲ့ထိုးစစ်ကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်နေသလို တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တရုတ်ကိုယ်စားလှယ်နဲ့ KIO/KIA ကိုယ်စားလှယ်တွေ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ Post navigation Source link

တရုတ်ဖိအားကြားမှ ပန်ဝါမြို့ကို သိမ်းပိုက်၊ ကန်ပိုင်တည်ကို ဆက်လက်ဦးတည် – THE 74 MEDIA

(တစ်ပတ်တာတိုက်ပွဲသတင်း) ပြီးခဲ့တဲ့ ရက်သတ္တပါတ်ကတော့ ကချင်အထူး‌ဒေသ (၁) နယ်ခြားစောင့်တပ်ရဲ့ဌာနချုပ်ဖြစ်တဲ့ ပန်ဝါမြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ကျန်ရှိနေသေးတဲ့ နယ်ခြားစောင့်တပ်ကြီးစိုးနေတဲ့ ကန်ပိုင်တည်ဒေသက တပ်စခန်းတွေကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေပြီး ကချင်ပြည်နယ်မှာတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။   Post navigation Source link