အောက်တိုဘာလ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် အင်းလယ်ကြီးရွာမှ ကလေး ၂ ဦးနှင့် ယင်းတို့၏ မိခင် သေဆုံးသွားပြီး အများအပြား ဒဏ်ရာရသည်ဟု သိရသည်။ သေဆုံးသူတို့မှာ မသိမ့်သိမ့်ဖြူ( ၄ )နှစ်၊ မငြိမ်းအိစံ(၁၀)နှစ်၊ မဖြူဝင်း (၃၀)နှစ်တို့ ဖြစ်သည်၊ မြို့အရှေ့တောင်ဘက် ၃ မိုင်အကွာရှိ “ငါတို့”တွင် အခြေစိုက်ထားသည့် ပြည်သူ့စစ်များနှင့် စစ်ကောင်စီတပ်သားများက အနီးရှိ ကျေးရွာများကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ကန့်ဘလူမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။ “ငါတို့ရွာဘက်ကနေ ရသလောက်ရှေ့ကို ပွိုင့်တိုးပြီးတော့ သူတို့ ဒရုန်းမီတဲ့နေရာကနေ ချတဲ့ပုံစံမျိုးဗျ။ ငါတို့ ထိပ်မှာ ရေပိုလွှဲနေရာရှိတယ်။ အဲဒီလောက်ကနေလာချတာ” ဟု သူက ဆိုသည်။ ငါတို့ရွာ […]