ylliX - Online Advertising Network

သိမှတ်စရာ တိုက်ခန်းဝယ်ယူတဲ့အခါ – iMyanmarHouse.com

တိုက်ခန်းဝယ်ယူတဲ့အခါ ရောင်းသူဘက်က ဘယ်လိုစာရွက်စာတမ်းမျိုးတောင်းဆိုသင့်သလဲဆိုတဲ့ မေးခွန်းအပါအဝင် ဗဟုသုတရဖွယ်ရာအမေးအဖြေသုံးခုကို ဒီကနေ့အတွက်‌ ရွေးချယ်ဖြေဆိုပေးထားပါတယ်။ မေးခွန်း (၁) – ပေါင်နှံခြင်းနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့အချက်တွေကို သိလိုပါတယ်။ စာချုပ်စာတမ်းမှတ်ပုံတင် ဥပဒေပုဒ်မ- ၁၆ (ဂ) အရ တန်ဖိုးငွေကျပ်တစ်သိန်းနှင့် အထက်ရှိသော ပိုင်ဆိုင်ခွင့် စာချုပ် အပ်နှံ၍ ငွေချေးခြင်းမှတစ်ပါး အသိသက်သေနှစ်ဦး ပါဝင်ကာ ပေါင်နှံစာချုပ် လက်မှတ်ရေးထိုးချုပ်ဆိုသော စာချုပ် ၊ပေါင်နှံခြင်းအား ဖျက်သိမ်းသော စာချုပ်များမှာ မှတ်ပုံမတင်မနေရ စာချုပ်အမျိုးအစားထဲတွင် ပါဝင်ပါသည်။ အပေါင်ပစ္စည်းမှာ တစ်သိန်းအောက်သာရှိပါက စာချုပ်စာတမ်းမှတ်ပုံတင် ဥပဒေပုဒ်မ- ၁၇ အရ မှတ်ပုံတင်လိုက တင်နိုင်သော စာချုပ်စာတမ်းအမျိုးအစားထဲ ပါဝင်ပါသည်။ ပေါင်နှံခြင်းမှာ မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်ပါက ပစ္စည်း တည်ရှိရာ အရပ်ဒေသရှိ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပုဒ်မ-၂၅ […]

သိမှတ်စရာ တိုက်ခန်းများနေထိုင်ရန် BCC မကျတဲ့အခါ… – iMyanmarHouse.com

[Unicode] (BCC) လျှောက်ထားပြီး ခွင့်ပြုချက်မကျသေးပါက အဘယ်သို့ဆက်လက်ဆောင်ရွက်ရမည်နည်းဆိုတဲ့ မေးခွန်းအပါအဝင် သိမှတ်ဖွယ်ရာမေးခွန်းသုံးခုကို ဒီတစ်ပတ်အတွက် တင်ဆက်ပေးထားပါတယ်ရှင်။ မေးခွန်း (၁) – တစ်ဖက်ခြံမှ မိမိပိုင်နက်မြေကို ကျူးကျော်တိုးချဲ့လာခြင်း၊ မိမိ၏မြေသည်တစ်ဖက်သို့ပါသွားခြင်းတို့အတွက် မည်သို့ ဖြေရှင်းဆောင်ရွက်နိုင်သနည်း။ မိမိပိုင်မြေအား မြေငှားဂရန် လျှောက်ထားခြင်း၊ အမည်ပြောင်း ဆောင်ရွက်ခြင်း၊ သက်တမ်းတိုးခြင်း၊ မြေကွက်ခွဲစိတ်ခြင်းတို့ ဆောင်ရွက်သည့်အခါ မြေကွက်နယ်နိမိတ် တိုင်းတာရခြင်းများရှိပြီး ဌာနဆိုင်ရာမှာ ကွင်း ဆင်းတိုင်းတာသည့်အချိန် သတ်မှတ်မြေပုံ၊ မြေကွက်မူလ အကျယ်အဝန်းပေ မပြည့်သည်များလဲ ကြုံရတတ်ပါသည်။ မိမိမြေမှာ တဖက်ခြံမှ အဆောက်အအုံဆောက်လုပ်ခြင်း၊ ခြံစည်းရိုးခတ်ခြင်းထဲ ပါဝင်နေလျှင်လဲ နည်းလမ်းတကျဖြေ ရှင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။ မြေနယ်နိမိတ် အငြင်းပွှားမှုအား သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်များမှ တဆင့်ကွင်းဆင်းဖြေရှင်း ဆောင်ရွက်ပေးသည့်အခါများတွင်လဲ အဆင်ပြေကြသည်များ ရှိပါသည်။ အငြင်းပွှားသူ နှစ်ဖက်သဘောတူညီမှု ဖြင့် […]