ylliX - Online Advertising Network

အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ်လာ ၂၅၀ ဖြင့် အငှားဈေးကွက်တင်လာ၊ ငှားရမ်းမည့်သူအနေဖြင့် မိတ်ဆွေသူငယ်ချင်းများ ခေါ်ယူခွင့်မရှိဟုဆို – iMyanmarHouse.com

မြို့ပြလူနေမှုတွင် အသက်ပင် ဝဝရှူမရသည့် အခန်းကျဉ်းကလေးများဖြင့် နေထိုင်ဖြတ်သန်းရသော်လည်း ဈေးနှုန်းမှာ ခေါင်ခိုက်နေပြီး အိမ်ငှားဈေးကွက်မှာ ရက်စက်လွန်းလှသည်။ ထိုအခြေအနေထက် ပိုမိုကျပ်တည်းစွာ လှေကားခွင်အောက်တွင် နေထိုင်ရမည်ဆိုလျှင် မည်သို့ရှိမည်နည်း။ အမေရိကန်ပြည်၊ San Jose သည် ကမ္ဘာ့နည်းပညာဗဟိုချက်ဟုဆိုနိုင်သော Silicon Valley တည်ရှိသည့်နေရာဖြစ်ကာ အိမ်ခြံမြေအလွန်ဈေးကြီးသည်။ ယခုအခါ San Jose မှ အမျိုးသားတစ်ဦးက သူ၏ အိမ်ခန်းမှ လှေကားခွင်နေရာကို တစ်လလျှင် ဒေါ်လာ ၂၅၀ ဖြင့် CraigsList အိမ်ခြံမြေဝက်ဘ်ဆိုက်မှတဆင့် အငှားဈေးကွက်တင်လာသည်။ အကျယ်အဝန်းမှာ ၃ ပေ×၁၀ ပေသာရှိပြီး လက်ရှိအားဖြင့် အကာအရံ တံခါးမျိုး မရှိ။ ဈေးကွက်တင်ကြော်ငြာတွင် ဖော်ပြသည်မှာ ယာယီအကာအရံတစ်ခုခုဖြင့် ကာနိုင်ကြောင်းဖော်ပြထားရာ privacy အပြည့်အဝ ရရှိမည်ကား မဟုတ်ချေ။ ငှားရမ်းမည့် […]

အိမ်တစ်လုံးတည်းသာ ပိုင်သော အမေရိကန်ပြည်၏ အသက်အရှည်ဆုံးသမ္မတ ဂျင်မီကာတာနှင့် သူ၏နေအိမ် – iMyanmarHouse.com

[Unicode] (ဂျင်မီကာတာ ဘယ်သူလဲ)) ဂျင်မီကာတာ (မွေး ၁၉၂၄) သည် အမေရိကန်ပြည်ထောင်စု၏ ၃၉ ဆက်မြောက် သမ္မတကြီးအဖြစ် ၁၉၇၇ မှ ၁၉၈၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ဂျင်မီကာတာသည် အမေရိကန်ပြည် ရာဇဝင်တွင် သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူများအနက် အသက်အရှည်ဆုံးဖြစ်ပြီး ယခုနှစ်တွင် အသက် ၁၀၀ ပြည့်ခဲ့ကာ အသက် ၁၀၀ အထိ ရှင်သန်နေထိုင်နိုင်သည့် ပထမဆုံးအမေရိကန်သမ္မတလည်း ဖြစ်သည်။ အမေရိကန်ရေတပ် စစ်တက္ကသိုလ်မှ ကျောင်းဆင်းဖြစ်ပြီး ရေငုပ်သင်္ဘောတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင် ခဲ့သည်။ စစ်ဘက်မှ အနားယူချိန်တွင် မိသားစု၏ မြေပဲစိုက်ပျိုးရေးလုပ်ငန်းကို ပြန်လည်လုပ်ကိုင်ခဲ့သည်။ ၁၉၇၁ မှ ၁၉၇၅ ခုနှစ်အထိ ဂျော်ဂျီယာပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် အမေရိကန်သမ္မတအဖြစ်ရွေးကောက်ခံခဲ့ရသည်။ ((သမ္မတဟောင်း ဂျင်မီကာတာ၏ […]