ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာသားတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ပြီး မြေမြှုပ်ထားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံအချို့ထံမှ သိရသည်။ နိုဝင်ဘာလ ၂၃ရက် နေ့လယ်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ဇရပ်ဆိပ်ကျေးရွာအတွင်း နယ်မြေရှင်းလင်းစဉ် လည်လှီးသတ်ဖြတ်ထားသည့် အလောင်းအား မြေမြှုပ်ထားသည်ကို တွေ့ရကြောင်း ၎င်းတို့က ပြောသည်။ လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ခံထားရသည့်အလောင်းမှာ လူလတ်ပိုင်းအရွယ်အမျိုးသားဖြစ်ပြီး ဇရပ်ဆိပ်ရွာ အနောက် ပိုင်းရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း မြေမြှုပ်ထားသည်ကိုတွေ့ရကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “အသတ်ခံရတဲ့လူ ဘယ်သူဆိုတာကို စုံစမ်းနေတယ်။ (စစ်ကောင်စီတပ်) ဖမ်းဆီးထားတဲ့ အရပ်သားတွေရဲ့ မိသားစုဝင် တွေကို ဆက်သွယ်ထားတယ်။ မိသားစုဝင်တွေက စစ်ရှောင်နေကြလို့ အတည်ပြုရခက်နေတယ်” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီတပ်သားများသည် ဇရပ်ဆိပ်ရွာဘုန်းကြီးကျောင်းတွင် ရက်ပေါင်းများစွာ တပ်စွဲခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းတို့မရှိသည့်အချိန် ဝင်ရောက်ရှင်းလင်းရာက အဆိုပါရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက […]