ylliX - Online Advertising Network

သီတင်းမကျွတ်လိုက်ရသော စီပါရွာမှ လူ့ငရဲ – Myanmar Now

မြန်မာနိုင်ငံအလယ်ပိုင်း၊ အညာဒေသ၊ ဘုတလင်မြို့နယ်ထဲမှ စီပါဆိုသည့်ရွာလေးမှ ရွာခံတို့ကမူ ပြီးခဲ့သည့် လပြည့်နေ့တွင် ဆီမီးမထွန်းနိုင်ခဲ့ကြ။ လပြည့်နေ့တွင် ဘုရားရှင်ကိုကြိုဆိုဖို့ထက် ရွာထဲဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့များလက်ထဲ အရှင်လတ်လတ်ငရဲမကျစေရေးအတွက် ပြေးကြလွှားခဲ့ကြရသည်။ ရွာသားအများစုက ခြေဦးတည့်ရာထွက်ပြေးခဲ့ကြသော်လည်း ပြေးမလွတ်ကြသူများ လူ့ငရဲနှင့်ရင်ဆိုင်ခဲ့ကြရသည်။ ဖမ်းခံရသူများသည် လပြည့်ညတွင် ငရဲကျသလို အရှင်လတ်လတ် ညှဥ်းပန်းနှိပ်စက်ခံခဲ့ရသည်။ မပြေးနိုင်ကြသူများကို စစ်ကောင်စီတပ်က အရှင်လတ်လတ် ခုတ်ထစ် သတ်ဖြတ်ခဲ့သည်။ ထို့နောက်ရွာလယ်တွင် ခေါင်းပြတ်၊လက်ပြတ်များကို ချိတ်ဆွဲထားခဲ့ကြသည်။ သတ်ဖြတ်ခံရသူများသည် စီပါရွာသားများဖြစ်ကြပြီး အသက် ၈၀ ကျော်အရွယ် ဦးတင်လှိုင်၊ ၄၂ နှစ် အရွယ်ဦးတက်အောင်၊ ၄၀ ကျော်အရွယ် ဦးကြောင်ပိုတို့ဖြစ်သည်။ အထက်ပါ ရင်နင့်ဖွယ်အဖြစ်အပျက်များကို အသက်မသေဘဲ လွတ်မြောက်ခဲ့သည့် စီပါရွာသား အမျိုးသမီးတစ်ဦးက ပြောပြထားသည်။ Source link