လှိုင်သာယာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးကျော်သူဝင်းနှင့် ယာဥ်မောင်းကို GVW PDF(Golden Valley Warriors) အဖွဲ့က ယနေ့ လုပ်ကြံခဲ့သည်ဟု သတင်းထုတ်ပြန်လာသည်။ အဆိုပါလုပ်ကြံမှုကို လှိုင်သာယာတွင် ယနေ့ နံနက် ၉ နာရီ ဝန်းကျင်၌ ပြုလုပ်ခဲ့သော Mission အောင်မြင်ခဲ့ပြီး PDF များ လုံခြုံပြီ ဖြစ်သည်ဟုလည်း ဖော်ပြသည်။ ထို့အတူ လုပ်ကြံသတ်ဖြတ်မှုကျုးလွန်သည့် GVW ကို ထောက်ခံအားပေးသော မီဒီယာများတွင်လည်း လှိုင်သာယာမြို့နယ်၊ ၁၁ ရပ်ကွက်တွင် ယနေ့နံနက်ပိုင်း ၉ နာရီခန့်က လှိုင်သာယာမြို့နယ် အနောက်ပိုင်းစီမံအုပ်ချုပ်ရေးကောင်စီဝင် အဖွဲ့ဝင် (၂) ဦးကျော်သူဝင်း(ခ) ရွှေမန်းနှင့် ကိုယ်ရေးအရာရှိတို့ကို Golden Valley Warriors ရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ လက်ရှိတွင် ဦးကျော်သူဝင်း(ခ) ရွှေမန်းနှင့် ၎င်း၏ကိုယ်ရေးအရာရှိ တို့ကိုဆေးရုံကားဖြင့်သယ်ဆောင်သွားကြောင်း၊ ဦးကျော်သူဝင်း […]