Credit to Popular Journal – ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၊ သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်တွင် နေ့စဉ် ပြည်သူ (၃) သိန်းကျော် လာရောက်ပါဝင်ဆင်နွဲခဲ့ကြောင်း သိရသည်။ အဆိုပါ သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကို ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၌ အောက်တိုဘာလ (၁၆) ရက်မှ (၁၈)ရက်အထိ နေ့စဉ်နံနက် (၈) နာရီမှ ည (၁၀) နာရီအထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ယင်း ဈေးရောင်းပွဲတော်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထုတ်ကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်ခန်းများ၊ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားစေရေးအတွက် စာအုပ်အရောင်းဆိုင်များနှင့် စားသောက်ဆိုင်ခန်းများ အပါအဝင် ဆိုင်ခန်းပေါင်း (၄၈၃) ခန်းနှင့် အထူးအစီအစဉ်အဖြစ် Mobile Car များနှင့် ဆန်၊ ဆီ၊ ကြက်ဥနှင့် […]
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ယနေ့(အောက်တိုဘာ ၁၆ ရက်)တွင် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကို အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ ယင်းသီတင်းကျွတ်ဈေးရောင်းပွဲတော်တွင် ဆိုင်ခန်းပေါင်း(၄၂၀) ခန့်ပါဝင်ပြသရောင်းချသွားမည်ဖြစ်ပြီး စက်မှုထုတ်ကုန်နှင့်ရေထွက်ကုန်ပစ္စည်းများကို ပြသရောင်းချသွားမည်ဖြစ်ကာ နံနက်(၈)နာရီမှ ည (၁၀) နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဈေးရောင်းပွဲတော်သို့ လာရောက်သူများအား သွားလာရေးလွယ်ကူစေရန် အကြို/အပို့ကားများကိုလည်း စီစဉ်ထားသလို ပွဲတော်ရက်အတွင်း စတုဒီသာ ကျွေးမွေးမှုများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်တို့တွင် ကျော်ကြားသည့် အနုပညာရှင်များ၏ ဖျော်ဖြေမှုများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်သလို သီတင်းကျွတ်လပြည့်နေ့တွင် မီးရှူး၊ […]