ylliX - Online Advertising Network

တစ်နှစ်ဝင်ငွေ ၂ သိန်းမပြည့်တဲ့မိသားစုမှ ကျောင်းသားတွေကို သင်တန်းကြေးကင်းလွတ်ခွင့်ပေးမယ့် MIT

တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ သိန်းမပြည့်တဲ့ မိသားစုများမှ ကျောင်းသားတွေကို လာမယ့်ဆောင်းဦးရာသီမှစတင်ပြီး သင်တန်းကြေး ကင်းလွတ်ခွင့်ပေးသွားမယ်လို့ မက်ဆာချူးဆက်နည်းပညာသိပ္ပံ (MIT) မှ ကြေညာခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှ မိသားစု ၈၀ ရာခိုင်နှုန်းဟာ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၂ သိန်းအောက်ပဲ ရကြတာဖြစ်လို့ အများပြည်သူ လက်လှမ်းမီတဲ့ ပညာရေးဖြစ်စေဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာပါ။ အမေရိကန်နိုင်ငံမှာ ကျောင်းသားတွေ သင်တန်းကြေးပေးနိုင်၊ မပေးနိုင်ဆိုတဲ့ ငွေကြေးကဏ္ဍကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ကျောင်းအပ်လက်ခံတဲ့ ကောလိပ် ၉ ခုရှိတဲ့အနက် မက်ဆာချူးဆက်နည်းပညာသိပ္ပံလည်း ပါဝင်ပါတယ်။ မက်ဆာချူးဆက်နည်းပညာသိပ္ပံဟာ ကျောင်းသားဟောင်းတွေ လှူဒါန်းတဲ့ငွေကြေးကြောင့် အခုလို ဘဏ္ဍာရေးအကူအညီတွေ ပေးအပ်နိုင်တာဖြစ်ပါတယ်။ MIT ဟာ ကျောင်းဆင်းတွေဟာ အလုပ်အကိုင်ရရှိမှုအရ ကမ္ဘာ့နံပါတ်(၁)ချိတ်သလို အမေရိကန်ရဲ့ တခြားကောလိပ်တွေအားလုံးထက် ကျောင်းသားတွေအပေါ် ဘဏ္ဍာရေးအထောက်အပံ့ ပိုပေးနိုင်တယ်လို့ ဝေါစထရိဂျာနယ်က […]