စစ်တပ်၏ အာဏာရှင်စနစ် ဝါဒဖြန့်ချီရေး သင်ခန်းစာများကို ကျောင်းသင်ရိုးအဖြစ် ထည့်သွင်းသင်ကြားရန် စစ်ကောင်စီက ပြင်ဆင်နေကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ BACS က စုံစမ်းဖော်ထုတ်ထားသည်။ ယခု လက်ကျန် စာသင်နှစ် သို့မဟုတ် လာမည့် ပညာသင်နှစ်များမှာ စစ်တပ်၏ မတရား စစ်မှုထမ်းဥပဒေ၊ အခြေခံဥပဒေနှင့် အာဏာရှင်ဆန့်ကျင်သော အင်အားစုများကို ပုံဖျက်ရေးဆွဲထားသည့် အကြမ်းဖက် ဥပဒေစသော ဝါဒဖြန့်ဘာသာရပ်များကို စစ်ကောင်စီလက်အောက်က အခြေခံပညာ ကျောင်းသားများ သင်ယူရဖို့ ရှိနေကြောင်း BACS က ဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်တွေအတွင်း ရန်ကုန်၊ မကွေး၊ မွန်ပြည်နှင့် ရှမ်းပြည်တောင်ပိုင်းက စစ်ကောင်စီထိန်းချုပ်ထားသော မြို့ကြီးများမှာ အခြေခံပညာ အထက်တန်းအဆင့် ဆရာ၊ ဆရာမများကို စစ်တပ်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အကြမ်းဖက်မှု ဥပဒေများနှင့် […]