semester လည်းပြီးသွားပြီး တခြားလုပ်စရာလည်း သိပ်မရှိတဲ့အချိန်မှာ Binance က Future trading ကိုပြန်စလေ့လာပြီးလုပ်ဖြစ်တယ်။ Future နဲ့ပတ်သက်လာရင် နောင်တတွေ အများကြီးရှိပါတယ်။ ခုထိလည်းမမှတ်သေးဘူး။ ကိုယ်ရှုံးထားတာကိုတော့ ရအောင်ပြန်ယူချင်တယ်။ သူများတွေ အောင်မြင်ပြီး ငါဆုံးရှုံးတယ်ဆိုတာ တခုခုလွဲနေလို့ပဲဖြစ်မှာဆိုပြီး ထပ်လေ့လာတယ်။ တစ်နှစ်ကျော် Future trade ပြီးတဲ့နောက် ဒီအချက်တွေကို ရှာဖွေတွေ့လာခဲ့တယ်။ ၁။ Market ကို Long or Short ကော အလျင်းသင့်သလိုလုပ်ပါ။ အစတုန်းက သိပ်မသိခင် long ပဲလုပ်နေတာ။ စျေးကျရင်စိတ်ဓာတ်ကျတယ်။တကယ်ကတော့ စျေးကျရင်လည်း ကိုယ့်အတွက် မြတ်အောင် လုပ်လို့ရတဲ့နည်းတွေရှိပါတယ်။ အထူးသဖြင့် သတင်းတွေမကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် bear market ထဲရောက်နေတယ်ဆိုရင် Short လုပ်တာပိုကောင်းပါတယ်။ Shortတဲ့အချိန်မှာလည်း 1hr, 15min […]