ylliX - Online Advertising Network

စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများနှင့် အညာဒေသအခြေအနေများ

RNA_နိုဝင်ဘာ(၁၆)၊၂၀၂၄ခုနှစ်။ စစ်ကောင်စီတပ်များသည် အညာဒေသအတွင်း ကျေးရွာများကို မီးရှို့မှုများအပြင် ပြည်သူများကို သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို အဓမ္မပြုကျင့်မှုများ အပါအဝင် လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေသော်လည်း တော်လှန်ရေးအားကောင်းနေမှုနှင့် ဒေသတွင်းအခြေအနေများကို စစ်ကိုင်းခရိုင် အမှတ် (၄) တပ်ရင်းမှ ဆေးတပ်သား (၂) ဦးက ပြောပြထားခြင်းဖြစ်သည်။ #RedNewsAgency Source link

လက်နက်ကိုင်တပ်တွေ ဘာသာရေးအဆောက်အအုံမှာ တပ်စွဲတာမလုပ်ဖို့ ရှမ်းမြောက်ပြည်သူတောင်းဆို – Kachin News Group (KNG)

ရှမ်းပြည်မြောက်ပိုင်း စစ်ရေးပဋိပက္ခတွေအကြား  ဘာသာရေးအဆောက်အအုံ ထိခိုက်ပျက်စီးမှု ပိုမြင့်တက်လာတဲ့အတွက် လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ဘာသာရေးအဆောက်အအုံအတွင်းနဲ့အနီးဝန်းကျင်မှာ နေရာယူတပ်ချတာ၊ ထိခိုက်ပျက်စီးစေတာတွေ မလုပ်ကြဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလတစ်လအတွင်း ရှမ်းပြည်မြောက်ပိုင်းတစ်ခွင် စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ဘာသာရေးအဆောက်အအုံ ၄ ခုထက်မနည်း ထိမှန်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေကောက်ယူထားတဲ့ အချက်အလက်အရ သိရပါတယ်။  “လက်နက်ကိုင်တွေအားလုံး ဘယ်သူမဆို အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာ ဘာသာရေးအဆောက်အအုံတွေမှာ တပ်ချတာမျိုးတွေ နေထိုင်တာမျိုးတွေ မလုပ်ဘဲ အများပြည်သူနဲ့မဆိုင်တဲ့နေရာ ဝေးတဲ့နေရာတွေမှာ နေတာမျိုးတွေက ပိုကောင်းမယ်။ စစ်ရေး လုံခြုံရေးကတော့ သူတို့ပိုသိတယ်လေ။ ဒါပေမဲ့ ပြည်သူနဲ့နီးကပ်စွာ နေထိုင်တာမျိုးတွေ မလုပ်ကြဖို့ တောင်းဆိုချင်ပါတယ်”လို့ ရှမ်းပြည်မြောက်ပိုင်း တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးကပြောပါတယ်။ စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ဘာသာရေးအဆောက်အအုံတွေဟာ အောက်တိုဘာလ ၂၉ ရက်နေ့ လားရှိုးမြို့ ရပ်ကွက် ၁ ရှိ ထင်ရှားကျော်ကြားတဲ့ ၂၅၀၀ ပြည်လုံးချမ်းသာစေတီတော်၊ အောက်တိုဘာလ ၂၇ ရက်နေ့ သိန္နီမြို့ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်း၊ အောက်တိုဘာလ ၁၄ ရက်နေ့ လားရှိုးမြို့ပြင် အီနိုင်းရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရား ကျောင်း၊ အောက်တိုဘာလ ၄ ရက်နေ့ လားရှိုးမြို့ထဲက တရုတ်မျိုးနွယ်စုတွေရဲ့ အထွဋ်အမြတ်ထားရာ ကွမ်ရင်စန်ဘုံကျောင်းတွေဖြစ်ပါတယ်။ အခုလို စစ်ကောင်စီတပ်တွေဘက်က ဘာသာရေးအဆောက်အအုံကို ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ ဘာသာရေးကျောင်းနဲ့အနီး တစ်ဝိုက်တော်လှန်ရေးတပ်ဖွဲ့ နေရာယူလှုပ်ရှားတာတွေရှိတာကြောင့် ဗုံးကြဲတာဖြစ်တယ်လို့ ဒေသခံတွေ ယူဆနေကြပါတယ်။   “ဖြစ်နိုင်ရင် လက်နက်ကိုင်တွေက ပြည်သူတွေနဲ့ ရောရောနှောနှော […]