ylliX - Online Advertising Network

တောင်ကြီး လူငယ်များကို စစ်ကောင်စီ ဖမ်းဆီးနေ – သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ အတွင်း လူငယ်များဖမ်းဆီးခံရသည့် ကိစ္စများ ယခုရက်ပိုင်းအတွင်း ပိုမိုကြုံတွေ့လာရကြောင်း စုံစမ်းသိရှိရသည်။  အောက်တိုဘာလ ၃၀ ရက် ညအချိန်တွင် အဝေရာမီးပုံးပျံကွင်းသို့ရောက်ရှိနေသော လူငယ် ၂၀ ကျော်အား မူးယစ်ဆေးဝါးစစ်ဆေးသည့် အကြောင်းပြချက်ဖြင့် စစ်တပ်နှင့် ရဲများမှ ဝင်ရောက်ဖမ်းဆီးမှုများ ရှိခဲ့ကြောင်းသိရသည်။  “အဝေရာကွင်းမှာက ညညထိုင်နေတဲ့ လူငယ်အုပ်စုတွေကအမြဲရှိကြပါတယ်၊ မူးယစ်ကိစ္စလုပ်တဲ့ လူငယ်တွေလည်း ရှိကောင်းရှိနိုင်တာပေါ့၊ ဒါမယ့် ဒီကာလမှာ ခုလိုဖမ်းတာက စစ်မှုထမ်းခိုင်းဖို့ ကိစ္စရယ်၊ ပိုက်ဆံညစ်ချင်လို့ရယ်ဖြစ်မှာပဲ” ဟု တပ်တွင်းနှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ လက်ရှိတွင် ဖမ်းဆီးခံရသောလူငယ်များပြန်လည် လွတ်မြောက်ခြင်းရှိမရှိအသေးစိတ် မသိရသေးပေ။   စစ်ကောင်စီမှ စစ်သားပြုန်းတီးမှုများကို ပြန်လည်ဖြည့်တင်းရန် မဖြစ်မနေ စစ်မှုထမ်းရမည့် ဥပဒေအား အသက်သွင်းထားသည့် ကာလဖြစ်သည့်အတွက် လူငယ်များအနေဖြင့်လည်း မိမိလုံခြုံရေးကို ဂရုပြုစေလိုကြောင်း […]

ကလေးမှာ စစ်ကောင်စီ အဖမ်းအဆီးကြမ်းနေပြီး လူငယ်တွေကို စစ်သင်တန်းပို့

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီက လူငယ်တွေကို ဖမ်းဆီးပြီး စစ်သင်တန်း ပို့ဆောင်နေတယ်လို့  ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။   အဲဒီထဲမှာ စစ်သင်တန်း တက်ချင်တဲ့ ဆန္ဒမရှိတဲ့ လူငယ်တွေပါရင် စစ်ကောင်စီကို ငွေ ကျပ်သိန်း ၁၀၀ ပေးပြီး မိသားစုဝင်တွေက ပြန်ရွေးရတယ်လို့လည်း ဆိုပါတယ်။   “ကျွန်တော့်သားကို ဖမ်းသွားတုန်းက ပြန်ရွေးလို့ မရတော့ဘူး ထင်နေတာ။ မနက် ချက်ချင်း လိုက်သွားတော့မှ သိန်းတစ်ရာနဲ့ ရွေးရမယ်ပြောတယ်။ ရွေးပြီးတော့ ပြန်လွတ်လာတယ်”လို့ မိဘတစ်ဦးက CJ Platform ကို ပြောပါတယ်။   ငွေကြေးမတတ်နိုင်တဲ့သူတွေကို စစ်ကောင်စီက ပြန်မလွှတ်ပေးဘဲ စစ်သင်တန်းတက်ရောက်ဖို့ လက်ရှိမှာ ပြင်ဆင်ဆောင်ရွက်နေတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။   ဖမ်းဆီးခံရသူတွေဟာ နိုင်ငံရေးနဲ့ ပတ်သက်လို့ စွပ်စွဲ ဖမ်းဆီးခံရတာ […]