လာအိုနိုင်ငံနဲ့ စစ်ကောင်စီတို့အကြား နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ MoU ကို လာအိုနိုင်ငံခြားရေး ဝန်ကြီးဌာနမှာ နိုဝင်ဘာ ၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးရာ ဝန်ကြီးဌာရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ မှာ ကျင်းပခဲ့တဲ့ အခမ်းအနားတစ်ခုမှာ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးအဖွဲ့နဲ့ လာအိုနိုင်ငံ နိုင်ငံခြားရေးရာ အင်စတီကျုတို့အကြား ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလို သဘောတူညီမှု လက်မှတ်ရေးထိုးရာမှာ ပထဝီနိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာ အကျိုးတူကိစ္စရပ်တွေ အပါအဝင် အခြားနယ်ပယ်ကဏ္ဍ အသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ဖို့ဖြစ်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။ အခမ်းအနားမှာ စစ်ကောင်စီရဲ့ လာအိုနိုင်ငံဆိုင်ရာ […]
-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ (၃၀/၁၀/၂၀၂၄ – MRTV) -နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Naypyitaw State Polytechnic University တည်ဆောက်ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး (၃၀/၁၀/၂၀၂၄ – MRTV) -နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား (၃၀/၁၀/၂၀၂၄ – MRTV) -ပုသိမ်မြို့ရှိ တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မိုးရာသီစခန်းချလေ့ကျင့်ရေးသင်တန်းဆင်းပွဲ ကျင်းပ (၃၀/၁၀/၂၀၂၄ – MRTV) -ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် […]