ylliX - Online Advertising Network

လူသားတွေကို အတုခိုးပြီး အိမ် အလုပ်တွေ လုပ်ပေးနိုင်တဲ့ စက်ရုပ်ကို တီထွင် – MyTech Myanmar

Skip to content ဗီယင်နာမှ TU Wein ရှိ သုတေသနပညာရှင်တွေက လူသားတွေထံကနေ လေ့လာသင်ယူနိုင်ပြီး ပန်းကန်ဆေးတာလို အိမ်အလုပ်မျိုးစုံကို လုပ်ပေးနိုင်တဲ့ စက်ရုပ်ကို တီထွင်လိုက်ပါတယ်။ အဲဒီစက်ရုပ်ဟာ ဆန်ဆာတွေကနေ လူသားတွေရဲ့ အပြုအမူတွေကို လေ့လာသင်ကြားတာ ဖြစ်ပါတယ်။ ဒီထူးခြားဆန်းသစ်တဲ့ နည်းပညာမှာ ရှုပ်ထွေးတဲ့ Programming တွေ မလိုအပ်ဘဲ စက်ရုပ်ဟာ မတူကွဲပြားတဲ့ ပစ္စည်းတွေကို သိနိုင်ပြီး သင့်တော်တဲ့ အားနဲ့ လှုပ်ရှားမှုကို ပြုလုပ်နိုင်ပါတယ်။ စက်ရုပ်ကို Neural Network နဲ့ လေ့ကျင့်သင်ကြားပေးတာ ဖြစ်ပြီး လူက တစ်ကြိမ်ထဲ သရုပ်ပြသတာနဲ့စက်ရုပ်က အလုပ်ကို တိကျမှန်ကန်စွာ ပြုလုပ်နိုင်ပါတယ်။ ဒီနည်းပညာကြောင့် စက်ရုပ်ဟာ အိမ် အလုပ်တွေ အပြင် ပေါလစ်တိုက်တာ၊ ဆေးသုတ်တာလို အလုပ်တွေကိုပါ […]

ဂျပန်က ကမ္ဘာမှ လူသားတွေကို ကျည်ဆန်ရထားနဲ့ လ နဲ့ အင်္ဂါဂြိုလ်ကို ပို့ဆောင်ဖို့ စီစဉ်နေ – MyTech Myanmar

Skip to content ဂျပန်က ကမ္ဘာမှ လူသားတွေကို ကျည်ဆန်ရထားနဲ့ လ နဲ့ အင်္ဂါဂြိုလ်ကို ပို့ဆောင်မယ့် စီမံကိန်းကို အဆိုပြုတင်သွင်းထားပါတယ်။ အဲဒီ စီမံကိန်းဟာ အစောပိုင်း အဆင့်မှာပဲ ရှိသေးပြီး ကျိုတို တက္ကသိုလ်နဲ့ Kajima Construction တို့ ပူးပေါင်း သုတေသန ပြုလုပ်နေကြပါတယ်။ အဲဒီ အိုင်ဒီယာမှာ ကမ္ဘာ၊ လ နဲ့ အင်္ဂါဂြိုလ်ကို ဆက်သွယ်ထားတဲ့ အာကာသမှာ လူနေထိုင်တဲ့ ပတ်ဝန်းကျင် အတုကို ဖန်တီးဖို့ ဖြစ်ပါတယ်။ အဲဒီ ပတ်ဝန်းကျင်မှာ လူ့ခန္တာကိုယ်ပေါ်မှာ ဆွဲအားနည်းပါးတာနဲ့ ဆွဲအားမဲ့တာကို အံတုနိုင်ဖို့အတွက် ကမ္ဘာ့ ဆွဲအားကို ဖန်တီးထားမှာ ဖြစ်ပါတယ်။ အဲဒီ စီမံကိန်းဟာ စိတ်ဝင်စားစရာကောင်းပေမယ့် နည်းပညာ စိန်ခေါ်မှုများစွာကို ကျော်ဖြတ်ရဦးမှာ […]