ylliX - Online Advertising Network

လေ့လာစရာ အိမ်ခြံမြေဥပဒေတစ်ခွင် – iMyanmarHouse.com

[Unicode] မေတ္တာဖြင့်ပေးကမ်းတဲ့ပစ္စည်း (အိမ်နှင့်ခြံ) ကို လက်ဝယ်ရရှိမထားရင် တရားဝင်မှု ရှိ/မရှိ ဆိုတဲ့မေးခွန်းအပါအဝင် ဗဟုသုတဖြစ်ဖွယ် အိမ်ခြံမြေ အမေးအဖြေသုံးခုကို ဒီတစ်ပတ်ပိတ်ရက်မှာ ဖြေကြားပေးထားပါတယ်။   မေးခွန်း (၁) – မြေနှင့် အဆောက်အဦကို နှစ်ရှည်ငှားရမ်းခြင်းအား တရားဝင်ခိုင်မာမှုရှိစေရန် ဘာတွေလုပ်ဆောင်သင့်ပါသလဲ။ အိမ်ခြံမြေများအား နှစ်ရှည်ငှားရမ်းခြင်းပြုလိုပါက တရားဝင်မှုဖြစ်ရင် မှတ်ပုံတင်စာချုပ်စာတမ်းချုပ်ဆိုရန် လိုအပ်ပါသည်။ စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေပုဒ်မ-၁၆(ဃ) အရ (၁)နှစ်ထက် ကျော်လွန်၍ ငှားရမ်းမှုများ၊ တစ်နှစ် ထက်ပို၍ ငှားရမ်းခြင်းများ၊ နှစ်အလိုက်သတ်မှတ်၍ ငှားရမ်းခြင်းစာချုပ်များအား မဖြစ်မနေ မှတ်ပုံတင်ရန် လိုအပ်ကြောင်း ဖော်ပြထားပြီး ဖြစ်ပါသည်။ စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေပုဒ်မ-၁၇(ဂ)အရ (၁)နှစ်ထိသာ ငှားရမ်းခြင်းစာချုပ်များမှာ မှတ်ပုံတင်လိုက တင်နိုင်သောစာချုပ်အမျိုးအစားထဲတွင် ပါဝင်ပါသည်။ ထို့ပြင် နှစ်ရှည်အများဆုံး ငှားရမ်းကြသည့် စက်ရုံ၊ အလုပ်ရုံ၊ ကွန်ဒိုများတွင် […]