မြန်မာ့တူရိယာစောင်းကောက်ကို ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ရှိ Sheremetev Palace ဂီတပြ တိုက်သို့ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသစ်လင်းအုန်းမှ နိုဝင်ဘာ ၂၀ ရက်က လွှဲပြောင်းပေးအပ်ခဲ့သည်။ အခမ်းအနားတွင် မြန်မာသံအမတ်ကြီးဦးသစ်လင်းအုန်းနှင့် စိန့်ပီတာစဘတ်အစိုးရအဖွဲ့၊ ပြင်ပဆက်ဆံရေးကော်မတီ ဒု-ဥက္ကဋ္ဌ Mr. Vyacheslav Kalganov နှင့် ဂီတပြတိုက်မှ ဒါရိုက်တာ Ms. Natalia Metelitsa တို့က အဖွင့်အမှာစကားများ ပြောကြား ခဲ့ကြသည်။ ထို့နောက် မြန်မာ့သိုင်းပညာဖျော်ဖြေသရုပ်ပြမှုအပါအဝင် မြန်မာ၊ တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားယဉ်ကျေးမှုအဖွဲ့များက အဆို၊ အကများဖြင့် ဖျော်ဖြေခဲ့ကြသည်။ Source link
MPT က ၂၀၂၄ ခုနှစ်၊ ဧပြီလ မှ စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် (၈) ကြိမ်မြောက် “ဉာဏ်ကြီးရှင်” အထွေထွေဗဟုသုတ ဉာဏ်စမ်းပဟေဠိအစီအစဉ်၏ Grand Final ၏ ကံထူးရှင်များအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်၌ ရန်ကုန်မြို့ရှိ၊ MPT ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် စုစုပေါင်း ကျပ် သိန်း (၁၁၀) ကျော် တန်ဖိုးရှိ ကံထူးဆုများကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ဆုများမှာ_ ပထမဆု- ရွှေ (၁) ကျပ်သား လက်ကောက် ၁ ဆု ဒုတိယဆု- Bashan တံဆိပ် မော်တော်ဆိုင်ကယ် ၁ ဆု တတိယဆု- Hisense တံဆိပ် လက်မ ၄၀ […]