8 November 2024 _______ Hybrid Meeting မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့/စီမံခန့်ခွဲရေးကော်မတီ (ဗစ-၇ ၂၃-၂၆)လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်ပိုင်း (၁၀)နာရီတွင် Hybrid စနစ်ဖြင့်ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် ခရီးသွားလုပ်ငန်း တတ်သိပညာရှင် အကြံပေးတို့ တက်ရောက်ခဲ့ကြသည်။အစီအစဥ်အရ အစည်းအဝေးသဘာပတိ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အဖွဲ့ချုပ်၏ ဘဏ္ဍာရေးရှင်းတမ်းအား ဘဏ္ဍာရေးမှူးမှ ရှင်းလင်းတင်ပြခြင်း၊ ယခင်ဗဟိုအလုပ်အမှုဆောင်အဖွဲ့/စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများအားဖတ်ကြားတင်ပြခြင်း၊ ဆက်လက်၍ တက်ရောက်လာကြသူများမှ ခရီးသွားလုပ်ငန်းကော်မတီတွင် ပုဂ္ဂလိက အသင်းအဖွဲ့ကိုယ်စားလှယ်အနေဖြင့် အဖွဲ့ချုပ်မှ ကိုယ်စားလှယ် (၁)ဦး အစားထိုးပြောင်းလဲနိုင်ရန် ဆွေးနွေးခြင်း၊ အခမ်းအနားများနှင့် ပွဲတော်များအတွက် ဘဏ္ဍာငွေသုံးစွဲမှုများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခြင်း၊ Myanmar Tourism Master Plan ပြန်လည်ရေးဆွဲနေခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ခရီးသွားလုပ်ငန်း တတ်သိပညာရှင် […]
ပဲခူး၊ အောက်တိုဘာ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့က ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် (၇/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများသည် မိမိတို့မြို့နယ်၏အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များကို အနီးကပ်ဆောင်ရွက်နေကြသူများ ဖြစ်သလို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ကွင်းဆင်းစစ်ဆေးကြီးကြပ်ရန်တာဝန်ရှိကြောင်း၊ မြို့နယ်အလိုက် အဓိကသီးနှံ (၁၀) မျိုးအနက်မှ ဒေသနှင့်ကိုက်ညီပြီး ပန်းတိုင်အထွက်နှုန်းရရှိသည့် တစ်အုပ်တစ်မ သီးနှံစံပြစိုက်ခင်းများ ဖော်ဆောင်သွားရမှာဖြစ်သလို သဘာဝမြေဆီမြေနှစ်ကြွယ်ဝစေရေးနှင့် ဓါတ်မြေဩဇာသုံးစွဲမှု လျော့ချနိုင်ရေး ပိုက်ဆံလျှော်စိုက်ခင်းများ တိုးချဲ့စိုက်ပျိုးသွားရမှာဖြစ်ကြောင်း၊ ဒေသအလိုက် ကြက်၊ ဝက်၊ ဆိတ်၊ နွား တိုးချဲ့မွေးမြူနိုင်ရေးနှင့် ခြံလှောင်စနစ်ဖြင့် မွေးမြူသွားနိုင်ရေး အသိပညာပေး၍ […]
23 September 2024 _____ Hybrid Meeting၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်၊ နံနက် (၁၁) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ အသင်းသားရေးရာကော်မတီ၏ (၄/၂၀၂၄)ကြိမ်မြှောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Hybrid စနစ်ဖြင့် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။ အစီအစဥ်အရ ကော်မတီ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ လက်ရှိအသင်းဝင်အင်အားစာရင်းတင်ပြခြင်းနှင့် အသင်းဝင်သစ်စာရင်းအား အတည်ပြုမှတ်တမ်းတင်ခြင်း၊ ၃/၂၀၂၄ ကြိမ်မြှောက် ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများအား တင်ပြခြင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် အသင်းဝင်အသစ်များအား အတည်ပြုဆွေးနွေးခြင်း၊ ဧည့်လမ်းညွှန်မွမ်းမံသင်တန်းဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ ကော်မတီဝင်များမှ တင်ပြလာသော အရေးကြီးကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးကြပြီး အစည်းအဝေးအား နေ့လယ် (၁)နာရီတွင် ရုတ်သိမ်းလိုက်သည်။ Source link