နေပြည်တော်၊ နိုဝင်ဘာ ၆ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်လန်မြို့နယ်၊ မန်ခိုင်ကျေးရွာနှင့် ပန်ဟိုက်ကျေးရွာများကို MNDAA အကြမ်းဖက်သောင်းကျန်းသူများက ယမန်နေ့ မွန်းလွဲပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ MNDAA အကြမ်းဖက်သောင်းကျန်းသူများသည် နမ့်လန်မြို့နယ်၊ မန်ခိုင်ကျေးရွာနှင့် ပန်ဟိုက်ကျေးရွာများအတွင်းသို့ ယနေ့မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၅ နှစ်နှင့် အသက် ၉ နှစ်အရွယ် ကလေးငယ် ၂ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်များအား နမ့်လန်မြို့ရှိ တိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့်တာဝန်ရှိသူများက လိုအပ်သည်များသွားရောက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ MNDAA အကြမ်းဖက်သောင်းကျန်းသူများသည် စစ်ရေးနှင့် မသက်ဆိုင်ဘဲ အေးချမ်းစွာနေထိုင်လျက်ရှိသည့် […]