ချင်းပြည်၊ ဖလမ်းမြို့နယ်က လုမ်သဲနဲ့ ဗားရ်ကျေးရွာတွေကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၅ နဲ့ ၂၆ ရက်နေ့ နှစ်ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်တာကြောင့် လူခြောက်ဦးထက်မနည်းသေဆုံးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ယမန်နေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ အရပ်သားတွေရှိရာ လုမ်သဲကျေးရွာထဲ လေကြောင်းနဲ့ ဗုံးသီး ငါးလုံးထက်မနည်း ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက် အရပ်သား ခြောက်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။ “အမျိုးသား လေးယောက်နဲ့ အမျိုးသမီး တစ်ယောက် ပွဲချင်းပြီး ဆုံးသွားတယ်။ ထိခိုက်ဒဏ်ရာရတဲ့ လူတွေလည်း အများကြီးရှိတယ်။ အဲထဲမှာ အသက်အန္တရာယ်စိုးရိမ်နေရတဲ့ လူနာတွေလည်းရှိတယ်” လို့ အသက် ၂၈ နှစ်အရွယ် ဖလမ်းဒေသခံ အမျိုးသမီးတစ်ဦးက CJ Platform ကို […]
(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၂၄ လေကြောင်းကနေ ဗုံးကြဲမှုတွေထဲက ဆိုးရွားတဲ့ နောက်ဖြစ်ရပ်တခု၊ စစ်ရေး အရှိန်ထပ်မြင့်လာမယ့် ရှမ်းမြောက် လေကြောင်းကနေ ပစ်ခတ်တာ၊ ဗုံးကြဲတာတွေက မြေပြင်စိုးမိုးမှုမှာ သိသိသာသာ အားနည်းသွားတဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးဗျူဟာတရပ် ဖြစ်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်ခင်ကာလတွေတုန်းက လေကြောင်းတိုက်ခိုက်မှုက ရှားပါးတဲ့ ဖြစ်စဥ်အနေနဲ့ သိရှိထားကြပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအနက် အချို့သော တိုက်ပွဲတွေမှာသာ အသုံးပြုလေ့ရှိတာ တွေ့ရပါတယ်။ ထိုကာလတွေမှာ စစ်တပ်အနေနဲ့ ပိတ်မိနေတဲ့အခါမျိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အခြေစိုက်စခန်းတို့လိုမျိုးကို လက်တုံ့ပြန်တိုက်ခိုက်ပြီး မြေပြင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွက် အထောက်အကူအနေနဲ့ လေကြောင်းက တိုက်ခိုက်တာမျိုး ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေက တဖြည်းဖြည်း […]