“ရင်နှင့်ရင်း၍” ရုပ်ရှင်ဇာတ်ကားကြီးမှာ မေမီကိုကိုက မြန်မာ့ရိုးရာတလက်ဝှေ့ကို အခြေခံထားတဲ့ အက်ရှင်ဇာတ်လမ်းရဲ့ မေဇင်ဆိုတဲ့ကာရိုက်တာကို စိတ်ဝင်စားလို့ လက်ခံရိုက်ကူးဖြစ်တာပါလို့ ဆိုပါတယ်။ “ဒီကားမှာ ကျွန်တော်က မေဇင်ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်မှာပါ။ ကိုယ်က အစ်မကြီး အမိအရာ ဆိုသလိုပေါ့။ မိခင်မေတ္တာ ငတ်မွတ်နေတဲ့ မောင်နှမနှစ်ယောက်အတွက် အရိပ်တစ်ခုအနေနဲ့ အကောင်းဆုံး ကြိုစားတဲ့ နေရာမှာ ပါဝင်ထားပါတယ်။ ဒီကားမှာ ပါဝင်ဖြစ်တာက ဆရာမ မသီရိအောင်ရဲ့ ကမ်းလှမ်းချက်ကြောင့်ပါ။ ကိုယ့်အနုပညာမောင်နှမတွေ Team Work ကောင်းကောင်းနဲ့ လက်ဝှေ့ကားလေးရှိတယ်လို့ ပြောတာမို့ စိတ်ဝင်စားလို့ ကျွန်တော်က ပါဝင်ဖြစ်ခဲ့တာပါ။ လက်ဝှေ့နဲ့ ကျွန်တော်က သိပ်စိမ်းတဲ့အထဲမှာ မပါပါဘူး။ အရမ်းစိမ်းတဲ့အထဲ မပါဘူးဆိုတာက မြန်မာလက်ဝှေ့ မွေထိုင်း သင်ကြားခဲ့ဖူးတယ်။ တတိယမြောက်ဆုံမှတ် ကျွန်တော် ရိုက်တုန်းကဆိုရင် အက်ရှင်ပိုင်းနဲ့ မွေထိုင်းကို […]