ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်းအမှတ်(၃၅၀၁)(ခွဲ_၃)ရှိ ပုဝါနီစစ်ကြောင်းက ရဲဘော် သီလဝ ဟာ ဒရုန်းဗုံးသီးဒဏ်ရာကြောင့် ဆေးကုသမှုခံယူနေချိန် ကျဆုံးခဲ့ရတယ်လို့ ပုဝါနီစစ်ကြောင်းက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ကျဆုံးခဲ့တဲ့ ရဲဘော်သီလဝဟာ လွန်ခဲ့တဲ့စက်တင်ဘာလ ၈ ရက်နေ့က ရေတာရှည်ခရိုင်အတွင်းရှိ ကဲလင်းဆိပ်ကျေးရွာမှာ လုံခြုံရေးယူနေချိန် စစ်ကောင်စီရဲ့ ဒရုန်း ဗုံးသီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ပုဝါနီစစ်ကြောင်းမှ ရဲဘော်တစ်ဦးက ပြောပါတယ်။ “မပြီးပြတ်သေးတဲ့ တော်လှန်ရေးတာဝန်တွေကို ကျဆုံးရဲဘော်ကိုယ်စား ဆက်လက် တာဝန်ယူသွားမှာပါ” လို့ ပုဝါနီစစ်ကြောင်း တပ်စုမှူး ရဲဘော်တော်လှန်ရေးက CJ Platform ကို ပြောပါတယ်။ ရဲဘော် သီလ၀ (ခ) ဗိုလ်ရှိုင်းလင်းအောင်ရဲ့ တော်လှန်ရေးကာလတလျှောက် ရိုးသားဖြောင့်မတ်ပြီး စည်းကမ်းသေ၀ပ်စွာနဲ့ အနစ်နာခံပေးဆပ်ခဲ့တဲ့ […]
RNA_အောက်တိုဘာ(၁၁)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ရွေ့လျားစစ်ကြောင်း Yenanthar Column ( ရေနံ့သာစစ်ကြောင်း) မှ ရဲဘော် မောင်စောဝေယံ (ခ) မောင် Flash သည် အောက်တိုဘာ ၁၄ ရက်နေ့ ညနေပိုင်းက ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသည်ဟု သိရသည်။ #RedNewsAgency #RNA Source link