အမေရိကန်နိုင်ငံတွင် သီတင်းသုံးနေထိုင်ပြီး မြန်မာနိုင်ငံသို့ ခေတ္တပြန်ကြွသွားသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်ဘဒ္ဒန္တပညာဇောတကို နိုဝင်ဘာ ၁၃ ရက်နေ့တွင် စစ်ကောင်စီက ဖမ်းဆီးထားသဖြင့် အသက်အန္တရာယ်ကျရောက်မည်ကို စိုးရိမ်နေရသည်ဟု မိတ်ဆွေများက ပြောသည်။ သက်တော် ၆၄နှစ်၊ ဝါတော် ၄၄ဝါရှိပြီဖြစ်သည့် ဆရာတော်ကို ရန်ကုန်၊ အင်းစိန်မြို့နယ် ဘူတာရုံလမ်း စော်ဘွားကြီးကုန်းအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းသွားခြင်းဖြစ်သည်။ ဖမ်းဆီးခံရအပြီး တစ်ပတ်အကြာ (ယနေ့ နိုဝင်ဘာ ၁၉) အထိ ဆရာတော်နှင့် အဆက်အသွယ်မရဟု နီးစပ်သူများက ပြောသည်။ ရန်ကုန်မြို့ရှိ မိတ်ဆွေတစ်ဦး၏ နေအိမ်မှအပြန် လမ်းခုလတ်တွင် အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ‘ခဏလိုက်ခဲ့ပါ’ ဟုပြောကာ ဖမ်းခေါ်သွားခြင်းဖြစ်သည်ဟု အမေရိကန်နိုင်ငံတွင် သီတင်းသုံးနေသည့်ဆရာတော်အရှင်ဇဝနက မျက်မြင်သက်သေတချို့၏ ပြောကြားချက်ကို ကိုးကား၍ မိန့်ကြားသည်။ ဖမ်းဆီးနှိပ်စက်သည့်ကာလတွင် ပျံလွန်သွားနိုင်သဖြင့် ဆရာတော်အတွက် စိတ်ပူမိသည်ဟု […]
Credit to Popular Journal – ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၆၂၂) နေရာအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၂)ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်း(၂)ခုမှာ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ လုပ်ငန်း (၁)ခုနှင့် စက်မှုကဏ္ဍ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်သည့် လုပ်ငန်း (၁)ခုဖြစ်ကြောင်း သိရသည်။ ယင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးမှ ခွင့်ပြုလိုက်ခြင်းလည်းဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းတွင် ကျပ် သန်း (၈၆၀) နှင့် CMP အထည်ချုပ်လုပ်ငန်းတွင် အမေရိကန်ဒေါ်လာ (၁.၁၀ ၃) သန်းဖြစ်သည်ဟု သိရသည်။ ရင်းနှီးမြှုပ်နှံမှုကော်မတီသည် ယခုအောက်တိုဘာလအတွင်းတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် […]