RNA_နိုဝင်ဘာ(၁၄)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာချုပ်ကို တိုက်ခိုက်နေသော အာရက္ခတပ်တော်-AA အနေဖြင့် လေကြောင်းရန်ကာကွယ်ရေးတပ်၊ ခြေမြန်တပ်ရင်း၊ အမြောက်တပ်ရင်း၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်၊ လေကြောင်းရန်ကာကွယ်ရေးတပ် စသည်တိို့ကို သိမ်းပိုက်ရရှိထားပြီဖြစ်သည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများထဲမှ အမှတ် (၃၇၃) ခြေမြန်တပ်ရင်း၊ အမှတ် (၃၇၄) အမြောက်တပ်ရင်း၊ အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် (၃၄၅) စစ်လက်နက် ပစ္စည်းတပ်ခွဲ၊ အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၊အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၊ လေကြောင်းရန်ကာကွယ်ရေးတပ်၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်တို့အား သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း၊ နပခ-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ၊ အမှတ် (၁၀) တပ်ထိန်းတပ်ခွဲတို့အပါအဝင် (၁၀) နေရာကို ထိုးစစ်ဆင်နေသည်ဟု AA ကထုတ်ပြန်ထားသည်။ အာရက္ခတပ်တော်အနေဖြင့် အာရက္ခဒေသစစ်ဆင်ရေး (၁) […]
RNA_နိုဝင်ဘာ(၉)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် စစ်ကောင်စီလက်အောက်ခံများ မကွေးတိုင်းအတွင်း ထွက်ပြေးလာသည့် အတွက် ဖမ်းဆီးရရှိမှုများရှိသည်ဟု ချင်းကာကွယ်ရေးတပ် – အရှို မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ယနေ့ Red News Agencyကို ပြောကြားထားသည်။ ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) ရဲဘော်များ လှုပ်ရှားနေသော မကွေးတိုင်းအတွင်း ရှေ့တန်းတနေရာတွင် အမ်းမြို့ နပခ ရှိ ခမရ ၃၇၃ မှ တပ်သား (၂) ဦးနှင့် ခမရ ၃၇၁ မှ တပ်သား (၂) ဦးတို့ကို နိုဝင်ဘာ (၃) ရက်နှင့် အောက်တိုဘာ ၃၁ ရက်နေ့တို့က ဖမ်းဆီးရမိကြောင်း သိရသည်။“ရခိုင်ပြည်နယ်ဘက်မှာ စစ်ပွဲတွေဖြစ်တဲ့အတွက်ကြောင့်မလို့ မကွေးတိုင်းဘက်ကိုဆို လွတ်နိုင်တယ်လို့ ယူဆတဲ့အတွက်ကြောင့်မလို့ […]