မော်လမြိုင်၊ နိုဝင်ဘာ ၄ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၃)ရက် (၁၃-၁၁-၂ဝ၂၄)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ (၁၅-၁၁-၂ဝ၂၄) ရက်နေ့အထိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲသို့ မွန်ပြည်နယ်မှ ရာမညရက်ကန်းစင်တော်အမည်ဖြင့် သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ဩဝါဒခံယူပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မသိုးသင်္ကန်း ရက်လုပ်ခြင်းဟာဆိုရင် ရာစုနှစ်ပေါင်းများစွာ အစဉ်အမြဲ ကျင်းပလာတဲ့ ပွဲတော်တစ်ခုဖြစ်ကာ တန်ဆောင်မုန်းလပြည့်ညမှာ ဗုဒ္ဓဘာသာဝင်များက မသိုးသင်္ကန်းရက်ပြီး မြတ်စွာဘုရားအား လှူဒါန်းပူဇော်ခဲ့ရာ “မသိုးသင်္ကန်း” ရက်လှူပွဲဟူတဲ့ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာတစ်ခုဖြစ်ပေါ်လာခြင်းလည်း ဖြစ်ပါကြောင်း၊ အဓိက ရည်ရွယ်ချက်ကတော့ သင်္ကန်းရက်ပြိုင်ပွဲ ကျင်းပပြီး ဘုရားသို့ ပြိုင်ပွဲဝင်အဖွဲ့များက သင်္ကန်းကို ညတွင်းချင်းအပြီးရက်ကာ မနက်အာရုဏ်တွင် ဘုရားသို့ […]