မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းတစ်လျှောက်ကျေးရွာများတွင် တိုက်ပွဲများ ၂ ရက်ကြာ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကြည်းရေလေတပ်များ သုံးပြီးတိုက်ခိုက်နေသည်ဟု ဒေသခံများက ယနေ့ (နိုဝင်ဘာ ၁၈) တွင် ပြောသည်။ ယမန်နေ့ နံနက် ၃ နာရီခန့်တွင် မြစ်ကမ်းဘေးကျေးရွာများဖြစ်သော သဖန်းဒေါင့်၊ ငယ်တိုး၊ ဆောက်ခြုံပေါက်၊ အောက်တောင်ကိုင်း အပါအဝင် မြစ်ရိုးတလျှောက် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ ထိုနေရာများသည် မန္တလေးမြို့မြောက်ဘက် ၅ မိုင်ခန့်သာ ကွာဝေးသည်။ မွန်းတည့်ချိန်တွင် မန္တလေးမြို့ဆိပ်ကမ်းမှ စစ်သင်္ဘောနှစ်စီး ဧရာဝတီမြစ်အတိုင်း ဆန်တက်သွားပြီး မတ္တရာ မရောက်မီ စစ်ကိုင်းဘက်အခြမ်း မင်းကွန်းမြို့အနီး ဆိုက်ကပ်ကာ မြစ်တစ်ဖက်ကမ်း မတ္တရာဘက်ကျေးရွာများကို ပစ်ခတ်ခဲ့သည်။ အနီးဆုံးဖြစ်သော သဖန်းဒေါင့်ရွာသည် မင်းကွန်းနှင့် ၅ မိုင်ကျော် ကွာဝေးသည်။ ညနေ […]