ylliX - Online Advertising Network

ရာသီဥတုဖြစ်စဥ်(၄)ခုကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၇)ခု၌ အောက်တိုဘာ ၁၉ ရက်မှစတင်၍ ၆ ရက်ခန့်မိုးသည်းထန်စွာရွာသွန်းနိုင်

Credit to Popular Journal – ရာသီဥတုဖြစ်စဥ်(၄)ခုကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၇)ခု၌ အောက်တိုဘာ ၁၉ ရက်မှစတင်၍ ၆ ရက်ခန့်မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု မိုးဇလမှ ယနေ့ အောက်တိုဘာ ၁၇ ရက်ည ၇ နာရီက အထူးမိုးလေဝသသတင်းအဖြစ် အသိပေးခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းနိုင်ခြင်းသည် ထိုင်းပင် လယ်ကွေ့မှရွေ့လျားလာနိုင်သော လေပွေလှိုင်းများ၏အရှိန်၊ ကပ္ပလီပင်လယ်ပြင်တွင်ဖြစ်ပေါ် လာနိုင်သော လေဖိအားနည်းဆဲလ်နှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သော လေဖိ အားနည်းရပ်ဝန်း၏အရှိန်၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်းတို့ကြောင့်ဖြစ်သည်ဟု မိုးဇလကအသိပေးခဲ့သည်။ ထို့ကြောင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီ တိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အောက်တိုဘာ ၁၉ ရက်မှ ၂၄ ရက်အတွင်း နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုးဇလကအသိပေးခဲ့သည်။ ထို့ပြင် အချို့ဒေသများ၌ […]