ylliX - Online Advertising Network

ရက်ကွန်းဝံအကောင် ၁၀၀ လောက် ခြံထဲရောက်လာလို့ အရေးပေါ်အဖွဲ့ထံ ဖုန်းဆက်အကူအညီ တောင်းခဲ့ရ

ရက်ကွန်းဝံအကောင် ၁၀၀ လောက်က ခြံထဲဝင်လာပြီး အစာ လာတောင်းနေလို့ အိမ်ထဲကနေ အပြင်မထွက်ရဲတဲ့ အမျိုးသမီးတစ်ယောက်က အရေးပေါ်အဖွဲ့ထံ ဖုန်းဆက်အကူအညီတောင်းခဲ့ရပါတယ်။ အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်၊ ပိုစဘိုမြို့မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ လွန်ခဲ့တဲ့ ၃၅ နှစ်ကတည်းက ရက်ကွန်းဝံမိသားစုကို အစာကျွေးလာခဲ့တာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ သီတင်းပတ် ၆ ပတ်ကစပြီး ရက်ကွန်းဝံအကောင်ရေ သိသိသာသာ များလာပြီး အကောင် ၁၀၀ ဝန်းကျင်အထိ ရှိလာခဲ့တာပါ။ အကောင်ရေ များလွန်းလို့ အမျိုးသမီးကြီးကလည်း အိမ်ပြင်မထွက်ရဲလောက်အောင် ကြောက်ရွံ့နေခဲ့ပြီး အရေးပေါ်အဖွဲ့ထံ ဖုန်းဆက် အကူအညီတောင်းခဲ့တာပါ။ ပိုစဘိုမြို့မှာ ရက်ကွန်းဝံတွေကို တွေ့နေကြဖြစ်ပေမဲ့ ဒီလောက် အကောင်ရေအများကြီး တစ်ခါမျှမတွေ့ဖူးလို့ အရေးပေါ်အဖွဲ့ပါ အံ့အားသင့်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်မှာ အရေးပေါ်အဖွဲ့က ရက်ကွန်းဝံတွေကို ခြောက်လှန့်ရှင်းလင်းပေးခဲ့ပြီး နောက်ထပ်အစာကျွေးတာမျိုး မလုပ်ဖို့ […]