#Local_NewsPublished 19 November 2024 ▪️ ရေခဲအမှတ်နီးလာသည့်မြို့(၁)မြို့နှင့်ညအပူချိန်များကျဆင်းလာပြီး ပုံမှန်ထက်ပိုအေးလာသည့် မြို့ကြီး(၄)မြို့ရှိကြောင်း သိရသည်။ ▪️ ထူးခြားသည့် ညအပူချိန်များအဖြစ် ဟားခါးမြို့တွင်(၁.၀)ဒီဂရီဆဲလ်စီးယပ်၊ တီးတိန် မြို့တွင် (၆.၅) ဒီဂရီဆဲလ်စီးယပ်၊ ပူတာအိုမြို့တွင် (၁၀.၀) ဒီဂရီဆဲလ်စီးယပ်၊ မြစ်ကြီးနားမြို့တွင် (၁၁.၆) ဒီဂရီဆဲလ်စီးယပ်နဲ့ ပြင်ဦးလွင်မြို့တွင် (၁၂.၂)ဒီဂရီဆဲလ်စီးယပ်တို့ ရှိခဲ့သည်ဟုဆိုသည်။ ▪️ လွိုင်လင်မြို့၊ မှော်ဘီမြို့၊ မဒေါက်မြို့၊ဧလာမြို့၊ဇောင်းတူမြို့၊ရွှေကျင်မြို့၊ဘီးလင်းမြို့၊ ဘိုကလေးမြို့ နှင့်ရန်ကုန်(ကမ္ဘာအေး)တို့တွင် မိုးများရွာသွန်းခဲ့သည်။ ▪️ နောက်(၂) ရက်အတွက်ခန့်မှန်းချက်အနေဖြင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်သွန်းနိုင်ကြောင်း သိရသည်။ #YMG/tthl #Yangon_Times Source link