မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ်ရှိ စစ်ကောင်စီထိန်းချုပ်ထားနိုင်သည့် ဆင်ဖြူနယ်စပ်ဂိတ်တွင် ကုန်စည်စီးဆင်းမှုကို တပိုင်တနိုင်ခွင့်ပြုထားရာမှ ထပ်မံတင်းကြပ်ပြီး ပစ္စည်းဆွဲချ ဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၂၇ ရက်) နံနက်ပိုင်းမှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ စစ်ကောင်စီထိန်းချုပ်ထားသည့် ဆင်ဖြူစစ်ဆေးရေးဂိတ်တွင် ကုန်ပစ္စည်း သယ်ယူခွင့်ကို ထပ်မံတင်းကြပ်လိုက်ပြီး သတ်မှတ်ချက်အတိုင်း သယ်ယူလာသည့် တပိုင်တနိုင် ကုန်ပစ္စည်းများကိုပါ အကောက်ခွန်နှင့် ကညန ပူးပေါင်းအဖွဲ့များက ဆွဲချသိမ်းယူထားကြောင်း မူဆယ်ဒေသခံများက ပြောသည်။ “ကြေညာချက် ထုတ်ပြန်ပေမဲ့ စစ်ကောင်စီဘက်က ဆိုင်ကယ်ပေါ်ကနေ အထုပ်တွေ ဆွဲချထားတုန်းပဲ ဒီမနက်တင်ဖြစ်တာ။ သူတို့ custom စည်းကမ်းအတိုင်း လုပ်တာတောင် ဖမ်းချင်တဲ့ သဘောပေါ့။ အခု ဆင်ဖြူဂိတ်ကနေလည်း ဆိုင်ကယ်ပေါ် တင်လာတဲ့ ပစ္စည်းအကုန် ဆွဲချပြီး ယူထားတယ် ပေးမသယ်ဘူး”ဟု ကျယ်ဂေါင်ဘက်မှ […]
မြန်မာ-တရုတ်နယ်စပ်ဒေသရှိ ဂိတ်များကို တရုတ်ဘက်က ပိတ်ဆို့မှုများကြောင့် ကုန်စည်စီးဆင်းမှု ကျဆင်းလာကာ သျှမ်းပြည် မြောက်ပိုင်း တစ်ဝှမ်းတွင် ကုန်ဈေးနှုန်းအဆမတန် မြင့်တက်လာနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့် မြန်မာ-တရုတ်နယ်စပ်ဒေသရှိ ကုန်သွယ်ရေးဂိတ်များအပြင် စစ်ကောစီတပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့ရှိ ကုန်သွယ်ရေးဂိတ်များကိုပါ တရုတ်ဘက်က ကုန်စည်တင်းကျပ်၊ ကန့်သတ်၊ ပိတ်ပင်ခြင်းကြောင့် ကုန်စည်စီးဆင်းမှု ကျဆင်းလာနေကြောင်း သိရသည်။ စစ်တပ်ထိန်းချုပ်ထားသည့် မူဆယ်မြို့ရှိ ဂိတ် ၃ ခုအနက် ကုန်တင်ကားကြီးများဝင်ထွက်နိုင်သည့် ဂိတ်ကို (နိုဝင်ဘာ ၁၁ ရက်နေ့)တွင် တရုတ်က ပြန်ဖွင့်ပေးလိုက်ပြီး အခြားဂိတ်များမှ ကုန်စည်သယ်ယူမှုကို ထပ်တိုးတင်းကျပ်ထားသည်။ “အခု ခရမ်းချဉ်သီး ၁ ပိသာကို ၈,၀၀၀ ကျော်၊ ၉,၀၀၀ ဝန်းကျင်ရှိတယ်။ ၁ ပိသာမှာ အလုံး ၃၀ […]