ဒီအကြောင်းအရာကို Threads ဆိုရှယ်မီဒီယာပေါ်မှာ dancing_doc_usa ဆိုတဲ့ အကောင့်ကနေ အောက်တိုဘာလ ၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာပါ။ ဖြန့်ဝေရာမှာ ဓာတ်ပုံတစ်ပုံနဲ့အတူ ‘အပူပိုင်းမုန်တိုင်း ဟယ်လင်ဟာ ဖလော်ရီဒါပြည်နယ် လန်ဒါဖိးလ်ကို တိုက်ခိုက်ပြီးနောက် အခြားပြည်နယ်တွေကို ဆက်လက်ဖျက်ဆီး’ လို့ အဓိပ္ပါယ်ရတဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ ဖြန့်ဝေထားတာပါ။ ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ သတင်းဆန်းစစ်ချက် ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူ များအောင် နဲ့ ဖြန့်ဝေမှုတွေ များအောင် တမင်လိမ်ညာ ဖန်တီးထားတဲ့ ရုပ်သံဖိုင် ဖြစ်ပါတယ်။ ဖြန့်ဝေနေတဲ့ ဓာတ်ပုံပါတဲ့ ဗီဒီယိုဖိုင်တစ်ခုကို PKietGAMES ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ စက်တင်ဘာလ ၈ ရက်နေ့မှာ […]