ခုခံတော်လှန်မှုကားကောင်းရာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ကို အောက်တိုဘာ ၂၃ရက် ဗုဒ္ဗဟူးနေ့ ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၆ဦး သေဆုံးခဲ့ပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၇၅နှစ်အရွယ် သက်ကြီးပိုင်း ပါဝင်သလို အသက် ၁၈နှစ်မပြည့်သေးတဲ့ ဆယ်တန်းကျောင်းသူလည်း ပါဝင်ခဲ့ပါတယ်။ အိမ်ခြေ ၁၀၀၀ကျော်ရှိပြီး လူဦးရေ ၅၀၀၀ ကျော် နေထိုင်တဲ့ ဇရပ်ကုန်းရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီ လေတပ်က ဗုံးကြဲခဲ့လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူတွေဟာ ဇရပ်ကုန်းရွာသားတွေ ဖြစ်ကြတဲ့ အသက် ၇၅နှစ်အရွယ် ဒေါ်ထူး၊ အသက် ၆၃နှစ်အရွယ် ဒေါ်သန်းမြ၊ ဒေါ်သန်းမြရဲ့သမီးဖြစ်သူ အသက် ၁၅နှစ်အရွယ် မဂျူးဂျူး၊ အသက် ၅၅နှစ်အရွယ် ဦးမြင့်လွင်၊ အသက် ၂၇နှစ်အရွယ် မဝေဝေနဲ့ […]
ရဲဝံ့စွန့်စား ပြည်ချစ်သား ရင်ဖွင့်ဆွေးနွေးကဏ္ဍတွင် တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးရှိ အရာရှိ/စစ်သည်၊ မိသားစုဝင်များအနေဖြင့် မိမိတို့၏ ကိုယ်ရေးကိုယ်တာ အခက်အခဲများ၊ တိုက်ပွဲဖြစ်စဉ်များအတွင်း ကျဆုံး၊ သေဆုံး၊ ပျောက်ဆုံး […] Source link